“ မှတ်ဥာဏ်စမ်းသပ်ခြင်း (memory test)”

အသက်ရလာတော့ မှတ်ဥာဏ် တဖြည်းဖြည်း အားနည်းလာတတ်တယ်။ ဒါ သဘာဝပဲ။ 
‘အသက်အရွယ်နဲ့ဆိုင်တဲ့ သိမြင်မှုဆိုင်ရာ ကျဆင်းခြင်း/ age-related cognitive decline’ လို့ခေါ်မလားပဲ။ ရောဂါအနေနဲ့တော့ Alzheimer’s disease လို့များ တံဆိပ်ကပ်နိုင်လေမလား။ ကြီးရင့်လာတဲ့အခါ ကြုံလာရနိုင်တဲ့ အခြေအနေတစ်ခုဆိုတော့ လန့်တော့ လန့်တယ်။ အဲတော့ မှတ်ဥာဏ်ပြန်ခေါ် လေ့ကျင့်ခဏ်းလေး ခိုးခိုးလုပ်ကြည့်မိတယ်။ (ကိုယ်တွေက ငယ်ကတည်းက နာမည်မေ့ ရောဂါ ဆိုးဆိုးရှိတာ။ ဥပမာ အလွယ်ပြောရရင် / ကျော်မြင့်လွင်တို့ ဘာတို့ ထားလိုက်ဦး/ ထူးအိမ်သင် ဆိုတဲ့နာမည်တောင် တစ်ခါတလေ နှုတ်က ထွက်ကျ မလာတတတ်တာမျိုးတွေ၊ ဘဒွေးညိုထွန်းလူကြီး ကိုယ့်ရှေ့ငုတ်တုတ်ထိုင်နေတာကြည့်ပြီး နာမည်ခေါ်မထွက်လာတာမျိုးပေါ့၊ နော။)
အဲ.. ညက အိပ်မရတော့ စိတ်/မှတ်ဉာဏ်လေ့ကျင့်ခဏ်းလေးလုပ်ကြည့်တယ်။ 
ပထမဆုံး မင်းဘာကြိုက်လဲမေးတော့ သီချင်းကြိုက်တယ် ဆိုတာ ထွက်လာတယ်။ ဒီတော့ ချရေးကွာ မင်းခေါင်းထဲရောက်လာ တဲ့ အဆိုတော်နာမည်နဲ့တွဲပြီး မှတ်မိနေတဲ့ သူဆိုတဲ့ သီချင်းနာမည် ဆိုပြီး ကိုယ့်ဖာကိုယ် အမိန့်ပေးတယ်။ အိပ်ရာဘေးက မှတ်စုစာအုပ်လေးနဲ့ ခဲတံတစ်ချောင်းယူတဲ့ပြီး လက်တန်းချရေး လိုက်တာ ဒီလိုထွက်လာတယ်။ 
နာမည်တွေ တိတိကျကျ မှန်ကောင်းမှ မှန်မယ်။ လူကြိုက်များ အဆိုတော်တွေ အများကြီးလည်း ကျန်နေရစ်ခဲ့တယ်။ ဒါတောင် အမျိုးသားတွေပဲရေးရင်း ညောင်းလာတာနဲ့ အမျိုးသမီးတွေ ချန်ရစ်ခဲ့တယ်။ ခင်ဗျားတို့လည်း စမ်းကြည့်ပါလား၊ ဒီလိုလေ့ကျင့်ခဏ်းမျိုး။ လောလောဆယ် သွေးပူလေ့ကျင့်ခဏ်းအနေနဲ့ ကျွန်တော်ရေးဖို့ကျန်ခဲ့တဲ့ ခင်ဗျားတို့အကြိုက် အဆိုတော်နဲ့ သီချင်းနာမည်လေးတွေ စရေးကြည့်ပေါ့။ ကျွန်တော်ရေးချလိုက်တာတော့ စာတစ်မျက်နှာစာ ခုလို ရလာသဗျ။

– ဘိုထီး – နိဗ္ဗာန်ဘုံ ပျောက်ဆုံးခြင်း
– ဘိုဖြူ- ဆန်ရေ
– ငှက်- ရာဇဝင်များရဲ့ သတို့သမီး
– လွှမ်းမိုး- မအေးရယ် ချစ်လို့ပါကွယ်
– မင်းမင်းလတ်- ယုဇနပင်နဲ့ဖဲကြိုးဝါ၊ အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း
– စိန်လွင် – အင်းလျားကန်စပ်က ဖိနပ်တရံ
– သန်းနိုင်- ချစ်ရမ္မက်၊ ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေး
– စိုးပိုင်- ဧဒင်ဥယျာဉ်ထဲက အနမ်း
– ဂျင်မီဂျက်- စက်ခေါင်းအမှတ် ၀၀၉
– ရင်ဂို- တောင်ပံပါရင် မင်းဆီကို
– ဖိုးချို- မြိုင်နန်းစံပန်းတစ်ပွင့်
– မင်းအောင်- ရဝေ ရဝေ
– ခင်ဝမ်း- ပြည်မှာဆောင်း
– ဂျေမောင်မောင်- အချစ်ရေ့
– စိုးလွင်လွင်- ကိုယ်ချင်းစာနာတတ်ခဲ့ပြီ
– ခိုင်ထူး- စစ်ကိုင်းလမ်း
– ခင်မောင်တိုး- နဒီမင်္ဂလာ
– ကိုအောင်- နွေဦးပုံပြင်
– အယ်ဖြူ- နောက်ဆုံး၊ ကြယ်စင်လေးအတွက်
– အယ်နောင်း- ခိုင်မြဲခြင်း
– မွန်းအောင်- ၈/၈၂ အင်လျား
– လေးဖြူ- အလင်းရောင်
– အငဲ- မျှော်လင့်ခြင်းကောင်းကင်
– ဇော်ဝင်းထွဋ်- ဂျစ်ပဆီမိုးတိမ်
– ဂျီလတ်- ဘဝလို့ခေါ်တယ်
– ထက်နေခြည်- နောက်ဆုတ်ဖို့ ကြိုးစားရင်း
– ကိုင်ဇာ- နေဆီပျံမယ့်ငှက်
– ချစ်ကောင်း- ကော်ဖီခါးခါး
– R ဇာနည်- ခွင့်ပြုတယ်
– ထူးအယ်လင်း – အချစ်လို့ ခေါ်သလား
– မျိုးကျော့မြိုင်- သတိရရင် ပြီးတာပဲ
– ဗလ- ယဉ်တစ်ကိုယ်မိုး
– ဒိုးလုံး- အရိုးထိအောင်ရူး
ဒီသီချင်းတွေဟာ ကျွန်တော့်ကို စိုးမိုးခဲ့ကြပုံပေါ်ပါတယ်။
မှတ်ဉာဏ်ထဲ ကော်ထုတ်လို့ ရလာတာလေးကို ခဏချင်းလက်တန်းရေးချလိုက်တော့ အများကြီးကျန်ခဲ့ဦးမှာ၊ ခေါင်းလည်း ပူလာပြီမို့ ဂိမ်းကို ဒီမှာပဲ ရပ်ထားလိုက်တယ်။ ဆက်ဖြည့်ကြည့်ကြပါလား၊ ခင်ဗျားတို့ရင်ထဲစွဲကျန်ရစ်နေတဲ့ မှတ်ဉဏ်ထဲက သီချင်းများနဲ့။
ဒီလေ့ကျင့်ခဏ်းက သီချင်းရယ်မဟုတ်ပါဘူး။ ရုပ်ရှင်တွေ၊ စာအုပ်တွေ၊ လူနာမည်၊ ပစ္စည်းနာမည် စသဖြင့် ခင်ဗျားတို့ နှစ်သက်ရာကို မှတ်ဉာဏ်ပြန်ခေါ်ကြည့်ခြင်းဂိမ်းအနေနဲ့ လေ့ကျင့်ကြည့်လို့ ရပါတယ်။

ကျန်းမာပျော်ရွှင်ကြပါစေ

ငအအ
Friday, May 17, 2024 at 10:56 AM 

Visited 44 times, 1 visit(s) today

Leave A Comment

Your email address will not be published. Required fields are marked *