စည်းကမ်းကန့်သတ်ချက်တွေနဲ့ ထူးဆန်းသောအိပ်မက်တစ်ခုထဲမှာ မိန်းမချောတစ်သိုက်နဲ့ ငါပါကွာ၊ ဒုက္ခရောက်လိုက်တာ။ အိပ်မက် မက်စေတတ်သော အကြောင်းရင်းများဆိုပြီး အိပ်မက်ကျမ်းတွေမှာတော့ အကျယ်တဝင့်ရှင်းပြထားတတ်တာပဲ။ စိတ်ပညာ စာအုပ်တွေမှာလည်း ဖေါ်ပြထားတာပဲ။ ဘာတွေလဲ မမှတ်မိတော့ဘူး။ ကိုယ်ထင်တာကတော့ ကမ္ဘာ့ဟိုး အောက်နားဆီက အောင်းနေတဲ့ချော်ရည်ပူတွေ တိုက်ဆိုင်တဲ့ကာလတစ်ခုမှာ မီးတောင်ဝကို ပြေးတက် လာတာမျိုးလားလို့။ မသိစိတ်ထဲမှာ ကိုယ်မသိလိုက်ပဲ သိမ်းထားတဲ့ ဒေတာတွေ တစ်ချိန်ချိန်မှာ ထွက်ကျလာသလိုမျိုးနေမှာပ။ ညက ဘာမှလည်း စိတ်စွဲမရှိခဲ့ပါဘူး။ စွဲမယ့်စွဲ အနားသတ်လုပ်လက်စ/ချောလက်စ ‘ကျောက်ခဲ’ Collage project သေးသေးလေးပဲရှိတာ။ ကိုယ့်အနာ၊ကိုယ့်ဝေဒနာနဲ့ကိုယ် နပမ်းသတ်ပြီး ပျော်အောင် မနည်းအိပ်လိုက်ရတာ။ အိပ်ပျော်တော့ အိပ်မက် မက်ကရော။ အိပ်မက်ထဲမှာ ပုဂံကိုရောက်နေတယ်။ ဟိုတယ်ကြီးတစ်ခုရဲ့ ဘန်ဂလိုတစ်ခု ဝရံတာမှာ ကျောက်ခဲသေးသေးလေးတွေကို ဓာတ်ပုံရိုက်ပြီး လက်ပတော့ထဲထည့်နေတာ။ ကိုယ်နဲ့ကပ်နေတဲ့ ဘန်ဂလိုရှေ့က မြက်ခင်းသေးလေးပေါ်မှာ မိန်းမတစ်စု၊ ပါတီလုပ်နေလား၊ မုန့်လုပ်စားနေကြလားမသိ။ ရုန်းစုရုန်းစု ပူညံဆူညံနဲ့။ သူတို့လုပ်နေတာ ဟန်ဘာဂါ။ သူတို့ ဟန်ဘာဂါက တစ်မျိုးကြီးရယ်။ ပေါင်မုန့်ထဲ ချိစ်ပြားထည့်၊ အဲ့ဒီအပေါ် နို့ဆီဆမ်း၊ ပြီးမှ သရက်သီးမှည့်နဲ့ သီဟိုဋ်စေ့ဖေါက်ဖေါက်ကြီးတွေဌာပနာပြီး ဆော့ရဲရဲတွေလူးထားတဲ့ ဆလပ်ရွက်ဖားဖားကြီးတွေ အုပ်ထားတာမျိုးတဲ့။ သေချာကြည့်လေ၊ ဆန်းကျယ်လေ။ မုန့်ဆန်းကြီးပါကွာ။ သူတို့ပါတီပွဲက အသားကင်နဲ့ ဝိုင်နဲ့မဟုတ်ဘူး။ ထိုင်းလက်ဘက်ရည်ဘူးတွေနဲ့ ဘာဂါနဲ့။ မသိရင် ထိုင်းလက်ဘက်ရည်ဆိုင် ကြီးများ ရွှေ့ယူလာသလားမှတ်ရ။ ဘယ်သူတွေလဲ ကြည့်လိုက်တော့၊ ကြီးဒေါ်မနော်ဟရီ ဦးဆောင်တဲ့ သူတွေတဲ့။ ခင်မေဝှမ်းမျက်နှာက ဝက်ပျိုဝကစ်ကစ်လေးတစ်ကောင်လို့ ပြဲအစ်ဖေါင်းကား ဖြူဖွေးလို့။ ဒေါ်ရွှေရည်က သူ့မူပိုင် graceful smile ကြီး မျက်နှာမှာ ချိပ်လို့။ ဒေါ်အေးမြ က လူကိုကိုင်ပေါက်လိုက်ရင် ဘိုင်းကနည်းလဲသွားစေနိုင်တဲ့ ကျွဲကော်ကိုင်းထူထူမျက်မှန်ကြီးထမ်းလို့။ (ဒေါ်ရွှရည် Shwe Yee Win Lei နဲ့ ဒေါ်အေးမြ Aye Mya Mya Nyein က အပြင်မှာ ကျွန်တော်နဲ့ တစ်ခါမှ မဆုံဖူးကြဘူး။ ဖဘ စာမျက်နှာမှာတက်တက်လာတဲ့ သူတို့ပုံတွေ ပို့စ်တွေကပဲ သိနှင့်ရတာ၊ သူတို့ သုံးယောက်ကတော့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ကြမယ်…
Date Archives June 2024
အငြိမ့်၊ ဇာတ်ပွဲများနဲ့လူ
စတိတ်ရှိုးအပြီးညမှာတော့ အောင်ပွဲအနေနဲ့ သောက်ကြစားကြ အောင်ပွဲခံဖြစ်ခဲ့ကြပါတယ်။ အဲ့ဒီနေ့က မအိပ်ဖြစ်ကြတော့ဘူးထင်ပါရဲ့။ ဒါလည်း မှတ်ဉာဏ်မှာ ရေးရေးတေးတေးနဲ့လုံးထွေးနေပါတယ်။ နောက် တစ်ရက်မှာ အိမ်တွေမှာထမင်းဖိတ်ကျွေးပြီး နှုတ်ဆက်ပွဲ လုပ်ပေးပါတယ်။ ဒီရက်တွေအတွင်း မြို့ခံတွေနဲ့ အတော်ရင်းနှီးနေပြီ ဖြစ်တဲ့အပြင် တစ်စင်တည်း အတူဆိုခဲ့ကြသူမြို့ခံပျိုဖြူတွေနဲ့ လက်ပွန်းတတီးနေခဲ့ကြတဲ့ မောင်တွေတစ်ချို့ဟာ ရင်ခုန်သံတွေ ပိုးလိုးပက်လက်လန် နေကြပါပြီ။ နှုတ်ဆက်ကြ၊ အမှာစကားတွေချွေကြ၊ မေ့မသွားနဲ့နော်တွေ ဘာတွေဖြစ်ကြနဲ့၊ ထမင်းအဟာရထက် နှလုံးသား အဟာရ တွေကို ပိုထည့်စားနေကြသလိုပါပဲ။ သေချာတာကတော့ နောက်နေ့မနက်ပိုင်းမှာ စက်လှေနဲ့ ပြန်ပါတယ်။ ဒီတစ်ခါက လာတုန်းကလို စင်းလုံးငှားလှေမဟုတ်တော့ပါဘူး။ နည်းနည်းပိုကြီးသလို ကျွန်တော်တို့ချည်း သီးသန့်လည်း မဟုတ်တော့ပါ။ ညကအငြိမ့်ပွဲက သဘင်သယ်တွေရယ်၊ ဆိုင်းဝိုင်းပစ္စည်းတွေရယ်ပါ ပါပါတယ်။ အခြား ခရီးသည်တော့ မပါပါ ဘူး။ ကြည့်ရတာ အပြန်မှာမို့လို့နှစ်ဖွဲ့ပေါင်းထည့်လိုက်ပုံရပါတယ်။ လာတုန်းကထက်စာရင်နည်းနည်းနေရထိုင်ရကြပ်ပေမယ့် ကိုယ့်လူ တွေ ကတော့ ဒီလိုပေါင်းထည့်ပေးလိုက်တာကို မကျေမနပ် မဖြစ်တဲ့အပြင် ဆုလာဒ်ကြီးတစ်ခု ရလိုက်တယ်တောင် ထင်နေဦးမှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့လှေပေါ်တက်လာတဲ့ အငြိမ့်အဖွဲ့မှာ ခေါင်းဆောင်မင်းသမီးအပါ၊ အငြိမ့်သမတွေပါ ပါလာလို့ ပါပဲ။အိပ်ရေးပျက်ထားလို့ အိပ်သူတွေအိပ်ကြပေမယ့် မအိပ်သူတွေနဲ့ကိုယ့်အဖွဲ့စကားစမြည်နေကြသံဟာ လှေက အင်ဂျင်စက်သံ ထက်တောင် ပိုကျယ်သယောက်ပါပဲ။ ဒီလိုရင်းနဲ့ သိခဲ့ကြ၊ ဒီလိုရင်းနဲ့ ညိခဲ့ကြတာ၊ မြို့ပြန်ရောက်ပြီး အချိန် တော်တော်ကြာ တဲ့အထိ၊ အဲ့ဒီအငြိမ့်စင်ရှိရာ၊ သူတို့ ပွဲကရာမှန်သမျှနောက်ကို လိုက်ကြည့်ကြတဲ့ အဖွဲ့သားတွေလည်းရှိလာပါတယ်။ သူတို့နောက် အဖေါ် လိုက်ကြရတဲ့ ကျွန်တော်တို့မှာလည်း မျက်တွင်းဟောက်ပက် အရိုးဂေါက်ဂက်ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်သူတစ်ယောက်ကမှတော့ အငြိမ့် မင်းသမီးနဲ့ တစ်အိုးတစ်အိမ်ထူထောင်ဖို့ ဖူးစာမကြုံခဲ့ကြပါဘူး။ တကယ်တော့ သူတို့ဟာ ‘မခင်ပျို”နဲ့ မဆုံဖူးခဲ့ကြလို့ဖြစ်မှာပါ။ တကယ်လို့များ ကြုံဆုံဖူးခဲ့ကြရင်၊ ခုလို အရူးအမူး ဖြစ်ခဲ့ဖူး ချစ်ခဲ့ဖူးကြရင် ကံကြမ္မာဟာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူက ပြောနိုင်မှာတဲ့လဲ။ ရွှေခြည်တွေ ပျပျမှိုင်း၍…
ပုံတွေကိုယ်၌က စာသားတွေဖြစ်နေကြတာ
Collage စာပေ ဖန်တီးမှုမှာ တွဲစပ် ဖေါ်ပြထားတဲ့ပုံတွေ ကိုယ်၌ကိုက စာသား (Text) တွေဖြစ်နေတတ်ကြပါတယ်။ သူတို့(ပုံတွေ)ဟာ စာတွေ ပိုရုပ်လုံးကြွလာစေဖို့အတွက် တန်ဆာဆင်ထားတဲ့ “သရုပ်ဖေါ်ပုံ” တွေသက်သက် မဟုတ်ကြပါဘူး။ သူတို့ (ပုံတွေ) ကိုယ်တိုင် က။ ဒီဖန်တီးမှုထဲမှာ ‘စာသား/Text” အဖြစ်နဲ့ ပါဝင်နေကြတာပါ။ သူတို့ကိုပါ “ဖတ်”ရမှာ။ ကြည့်သွားပြီး ပစ်ထား ခဲ့ရမှာမဟုတ်ဘူး။ သူနဲ့အတူတွေးပြီး မျှယူခံစားကြရမှာ။ ပို့စ်မော်ဒန်ဆရာသမားတွေဟာ စာပေကိုရေးသားဖေါ်ထုတ်ကြရာမှာ ဘာသာစကား အက္ခရာတစ်ခုတည်းနဲ့ မလုံလောက်ဘူး ဆိုတဲ့အမြင်မျိုးကနေ ဖေါက်ထွက်ဖို့ ကြိုးစားကြရင်း Collage အမျိုးအစားစာပေကို…
Coffee collage
ဤ စာစုကို “ကျွန်တော့်ထံ ပျံသန်းရောက်ရှိလာသော သတိတရချစ်ခြင်းအနုပညာနှင့် ကော်ဖီအတူသောက်ကြရန် တစ်ခေါက်ပြန်လာဖို့ နှစ်ပေါင်းများစွာ မေ့လျော့နေသော သူမ၏ မေ့လျော့ခြင်းအနုပညာ” ဟူသော ရှည်လျားလှသည့် နာမည်ပေးလျှင် သင့်လျော်မည်လော။ ကျွန်တော့်အခန်းသည် စွဲမက်ဖွယ် ကော်ဖီရနံဖြင့် မွှေးပျံ့နေ၏။ ထိုရနံ့တို့ ထွန်းကားပြည်တည် နန်းစိုက်ရာမှာ ကျွန်တော့်အလုပ်စားပွဲပေါ်က ကီးဘုတ်လေးဘေးနားတွင်။ ကျွန်တော် ကော်ဖီတငုံသောက်၏။ ကော်ဖီနှင့်အတူ သတိရလွမ်းဆွတ်ခြင်းကိုလည်း တငုံသောက်မိ၏။ ထိုသောအခါ ကော်ဖီနံ့ သင်းပျံ့သော လွမ်းဆွတ်သတိရခြင်း အရသာသည် ကျွန်တော့်ကို ရီတီတီဖြစ်လာစေ၏။ ယစ်မူးလာစေ၏။…