မနေ့က

မနေ့က ဆေးရုံမှာ ရက်ရှည်ကုသမှု ခံယူနေရတဲ့ ကျွန်တော့်ဆရာဆီ လူမမာ သတင်းသွားမေးခဲ့ဖြစ်တယ်။

ဆရာက “အေးကွာ.. ငါတို့ရဲဘော်တွေလည်း အိုနာမကျန်းတွေဖြစ်ကုန်ကြပြီ” လို့ ပြောရှာတယ်။

သူကြီးကလည်း “ပွဲတွေတက်လာတာတွေ့ရတဲ့ ကိုယ်တို့အရွယ်အတော်များများက တော့ လမ်းလျှောက်အကူ တုတ်ကောက်ကိုယ်စီနဲ့ ဖြစ်ကုန်ကြပြီ” လို့ ဆိုတယ်။

အိမ်ထဲက အိမ်ပြင် မထွက်နိုင်တဲ့ ကျွန်တော့်မှာတော့ တုတ်ကောက်မကိုင်ရပေမယ့် ကိုယ့်လည်ပင်း ကိုယ် တကိုင်ကိုင်နဲ့ပေါ့။

ဘာဖြစ်ဖြစ် ၊ ငါတို့ အဖိုးကြီးတွေမှာ ငါတို့အဖိုးကြီးတွေပဲရှိတော့တာမို့ ဒီလိုပဲ အားတင်းထားကြရ၊ တစ်ဦးနဲ့တစ်ဦး ချစ်မေတ္တာကြိုးနဲ့ချည်နှောင်ကြရ။ ဂါရဝတရားနဲ့ ဦးညွတ်ကြရင်း နေထိုင်သွားကြရမှာပါပဲ။

ကြောက်ရွံ့တုန်လှုပ်နေလည်း ဒီခရီးအဆုံးဆီကို မုချရောက်ကြရမှာမို့ ပြုံးပြုံးလေးနဲ့ နှုတ်ဆက်ရင်း တဘဝစာ ပြည်ဖုံးကားကြီးကျအလာကို မော့ကြည့်လို့။ “နေရစ်ခဲ့လေ” သီချင်းနောက်ခံတေးနဲ့ပေါ့။

Visited 10 times, 1 visit(s) today

Leave A Comment

Your email address will not be published. Required fields are marked *