ဘဝမှာ စိတ်ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့ ကာရှည်ကြီးကို ကျော်ဖြတ်ဖို့ 2016/17 Dec-Jan အတွင်းမှာ တမိသားစုလုံးကို ကားပေါ်တင်ပြီး ခရီးရှည်ကြီးထွက်ခဲ့ကြတယ်။
ရန်ကုန်ကနေ ကျောင်းကုန်း-ငသိုင်းချောင်းကိုကျော် ရခိုင်ရိုးမဖြတ်၊ ဂွကနဲ့ မနီးမဝေးမှာရှိတဲ့ ကမ်းသာယာမှာညအိပ်၊ အဲ့ဒီကနေ သံတွဲ။ နောက် မြောက်ဦး-ကျောက်တော်။ ပြီးတော့ အပြန်ခရီးမှာ အမ်းကနေ ရခိုင်ရိုးမကို အပေါ်ဘက်နားကပြန်ကျော်ပြီး ပဒါန်းကိုဖေါက်ထွက်၊ အဲ့ဒီကမှ တောင်ဘက်ကို စုန်ဆင်းလာလိုက်တာ ‘ဥသျှစ်ပင်’ရောက်တော့ အရှေ့ဘက်ချိုးလို့ ‘ပြည်’ကို ပြန်ဝင်ခဲ့တယ်။
ရခိုင်ကို တောင်ပိုင်းရော မြောက်ပိုင်းပါနှံ့ခဲ့တဲ့ စိတ်ဒဏ်ရာကု ခရီးရှည်ကြီးပေါ့။
ဓာတ်ပုံမှတ်တမ်းအရ ‘ပြည်’ရောက်တာ January 15, 2017 ။
ခရီးရှည်တစ်လျှောက်လုံး တစ်ယောက်တည်း မောင်းလာရတော့ လူက အတော်ပြိုင်းနေပြီ။ မတင်မိုးဝေတို့ရဲ့ ဟိုတယ် Mingalar Garden Hotel, Pyay မှာ နေရာယူပြီး ညအိပ်နားဖို့ပြင်တုန်း ချမ်းချမ်းစီစီးနဲ့ လူဆိုးသုံးယောက်ရောက်ချလာပြီး ကျွန်တော့်ကို ပြန်ပေးဆွဲသွားကြတယ်။ အဲ့တော့ ‘သောက်”ပေါ့။ အဘရေ သောက်သောက်ပါပဲ။
လူဇိုးကြီးတွေကတော့
ကဗျာဆရာသစ်ခက်အိမ် သစ်ခက်အိမ် ၊ ကဗျာဆရာ ခင်အောင်အေး Khin Aung Aye နဲ့ မောင်နေလင်းအောင်.@Maung Ne Lynn Aung ။ (ကျွန်တော့်ကိုဖက်ထားတဲ့ ဆံရှည်ဘဲ “မောင်နေလင်းအောင်” ဟာ နောင်မှာ ကျွန်တော့်ဆရာဖြစ်လာခဲ့တယ်။ တော်ရုံအခက်တော့ သူ့သာပြော၊ ဖြစ်အောင်ကြံဖန်ကူညီတတ်တဲ့ ပညာရှင်)။
စာရေးဖို့ ကိုယ်စုထားတာတွေ ပြန်တူးရင်းပုံတွေ့တော့ ဒင်းတို့ကိုလည်း သတိရ၊ ပြည်မှာဆောင်းကိုလည်း သတိရ၊ သူတို့ ဒီပုံပြန်တွေ့ရင်မိလည်း အဲ့ဒီညကို အမှတ်ရပါစေတော့ဆိုပြီးတင်ပေးလိုက်ပါရဲ့။