Date Archives November 2023

ချစ်သောကြောင်မင်းမောင်

ချစ်သော ကြောင်မင်းမောင် ..၊ထောင်ထဲမှာ ရရာဆေး၊ ရရာ စက္ကူနဲ့ရေးခဲ့ပြီးရအောင် အပြင်ကို ပြန်သယ်ယူထားခဲ့တဲ့ ပန်းချီကားတွေသက်တမ်းအားဖြင့် ရာစုနှစ်တစ်ဝက်လောက်ရှိနေပြီ။ ခုနေခါများ လေလံတင်လိုက်ရလို့ကတော့ဖြင့်ဟွင်းဟွင်းဘာပြောကောင်းမလဲဘာမှကို ပြောမကောင်းတော့ဘူး။

ဂုတ်ထိပ်တံတား

ဂုတ်ထိပ်တံတား ဟာ မန္တလေး-လားရှိုး ရထားလမ်းပေါ်က တံတားတစ်စင်းဖြစ်ပြီး နောင်ချိုဘူတာအလွန် (၇)မိုင်အကွာမှာ တည်ရှိတယ်။ ၁၈၉၉ ခုနှစ်၌ တည်ဆောက်ပြီး ၁၉၀၀ ခုနှစ်မှာ ပြီးစီးခဲ့တယ်။ ၁၉၀၃ ခုနှစ်ရောက်မှ စ, အသုံးပြုနိုင်တယ်။ (တည်ဆောက်ချိန် တစ်နှစ်ပဲ ကြာတာနော်/ ဖွင့်ဖို့ ပြင်ဆင်ချိန်ကို သုံးနှစ်ယူထားတာ) ဂုတ်တွင်းလို့ခေါ်တဲ့ ဒေသကြီးရှိ ပေ (၃၀⁠၀)ကျော် မတ်စောက်လှတဲ့ လျှိုကြီးနှစ်ဘက်ကို ဖြတ်ကျော် တည်ဆောက်ထားတာပေါ့။ ဂုတ်တွင်းကြီးထိပ်မှာ သွားဆောက်ထားလို့ “ဂုတ်ထိပ်တံတား…

Read More

Assorted Cake

ကိုယ့်စာကို ကိုယ် ပြန်တည်းရတယ်ဆိုတာ ကိုယ့်လျှာကို ကိုယ် ပြန်လှီးရသလို တော်တော်ကြီး နာကျင်ခံစားရပါတယ်။ ******* ကျွန်တော်တို့ဟာ ‘စာပေ ကင်ပေတိုင်ခေတ်’ လို့ ကျော်ကြားလှတဲ့ စာပေစိစစ်ရေးခေတ်အရှည်ကြီးကို ဖြတ်သန်းခဲ့ကြရ ဖူးသူတွေပေါ့။ အဲဒီခေတ်ကာလကတည်းက ကိုယ့်ကလောင်မှာ ကိုယ်တိုင် ဘရိတ်တွေတပ်ဆင်ရပါတယ်။ ကိုယ်ပြောချင်တဲ့စကားလေး ပြောဖြစ်ဖို့ အလင်္ကာ၊ နမိတ်ပုံ၊ အနက်ဝှက်၊ သင်္ကေတ၊ ထပ်ဆင့်အနက်တွေသုံးပြီး သိုက်စာဝှက်သလို ဝှက်ရေးကြရတဲ့အခါလည်း ရှိပါတယ်။ ကိုယ့်ရည်ရွယ်ရင်း ခရီးပန်းတိုင် မန်းကိုရောက်ဖို့ လားရှိုးကနေ…

Read More

Calling

Assorted Cake အတွက် ခုရေးခုတင်လိုက်တဲ့ကဗျာမုန့် ပူပူနွေးနွေးလေး။ ********** Calling …………… တိုက်ပွဲအပြီးမှာတော့ ဒေါသတကြီးအော်ဟစ် ခြိမ်းခြောက်ဆူညံပေါက်ကွဲခဲ့တဲ့ ကျည်ဆံ၊ အမြောက်သံတွေလည်းငြိမ်ဆင်း မြို့လည်မှာ အထီးကျန်ခြင်းလမ်းတစ်စင်းသာရှိတော့ပြီပဲ အဲ့ဒီ စစ်ဒဏ်ခံမြို့ကလေးရဲ့ တစ်ခုတည်းသောလမ်းပေါ် ငါလျှောက်လာတဲ့အခါ၊ ငါ့ဘေးမှာ အတိတ်ရဲ့ ပဲ့တင်သံတွေဟာ တဝုန်းဝုန်းပြိုကျလာနေခဲ့။ အိပ်မက်တစ်ခုလို လျှပ်တစ်ပြက်အတွင်း ပြိုပျက်ကျသွားတဲ့ ငါ့မြို့ကလေး တစ်ချိန်က လူစည်ကားခဲ့တဲ့လမ်းများ ခုတော့ ကြေကွဲတိတ်ဆိတ် တို့မြို့က ရှူထုတ်လိုက်တဲ့ ထွက်သက်မှာ ရယ်မောသံမပါ…

Read More

နူးညံ့တဲ့ နှလုံးသားကို မာကျောတဲ့ အခွံနဲ့ဖုံးအုပ်ထားသူ

(ဒုတိယပိုင်း) သူဆုံးတဲ့နေ့က သူ့တပည့်မ ‘ခက်မာ’ ရယ် သူ့ရဲဘော် ကိုမျိုးထွန်း(နိုင်ကျဉ်း/ ကဗျာဆရာ/တေးရေးခွန်ဆိုင်း) ရယ် သူ့သတင်း ကြားရလို့ စိတ်မကောင်းခြင်းကြီးစွာနဲ့ ချက်တင်( Chatting)ပြောထားတဲ့ မှတ်တမ်းလေးကို ခုလို တွေ့ရပါတယ်။ ခက်မာ။ ။ ရင်ထဲမှာတောင် ဆို့လာတယ်။ ကျွန်မ အချစ်ဆုံးဆရာ။ ကျွန်မစာရေးဆရာဖြစ်လာတာ ဆရာ့လွှမ်းမိုးမှုအများဆုံးပါ ပါတယ်။ ခွန်ဆိုင်း။ ။ ဟုတ်ပါတယ်၊ သူက ကျောင်းသားခေါင်းဆောင်၊ သပိတ်ခေါင်းဆောင်ပေမယ့်၊ စိတ်ထားနူးညံ့တယ်။ ကျွန်တော်တို့လို ညစ်တာ၊…

Read More

နူးညံ့တဲ့ နှလုံးသားကို မာကျောတဲ့ အခွံနဲ့ဖုံးအုပ်ထားသူ

မတ်လရဲ့ ပန်းပွင့်များ တိုင်းပြည်ရဲ့ ဝမ်းဗိုက်ကို မီးလောင်တိုက် သွင်းတဲ့အခါ ကျွန်တော်ချစ်တဲ့ လွယ်အိပ်ကလေးဟာ အိမ်နံရံထက်မှာ ကျန်ခဲ့ပေါ့။ အလျားလေးလှမ်းခွဲ အနံလေးလှမ်း အလုံပိတ်တိုက်ခန်းထဲမှာ လုံးတီးဆန် ပဲဟင်းစားရင်း အားလုံးအပေါ်သစ္စာရှိခဲ့တယ်။ အကျဉ်းသားအမှတ် ၄၅၅၅ ရက်စက်မှုများကျော်လွှား နေ့ရက်များစွာ မှတ်ကျောက်တင်ခံခဲ့ပေါ့။ အမှောင်ခေတ်မှာ ထောင်ဆိုတာ သူရဲကောင်း ပြတိုက်ဖြစ်တယ်။ မျက်ရည်မကျပါနဲ့ ပြုံးပြလိုက်ပါ အချစ်ရေ ကြည်လင်တဲ့ကောင်းကင်အောက်က တိမ်ပြာပြာနေ့တစ်နေ့ တို့ ပြန်လည်ဆုံတွေ့ကြမယ် လောလောဆယ်မှာတော့ အနာဂတ်ဘုရားအတွက် ခန္ဓာကိုယ်…

Read More