Date Archives May 2024

၆၁ နှစ်တိုင်

ဒီလပိုင်းတွေမှာ ကဗျာတွေကို အာရုံကျ။ နှစ်သက်တဲ့ကဗျာတွေကို တမင်ပဲ Copy & Paste မလုပ်ပဲ ကျွန်တော့်လက်ရေးစာအုပ်ထဲမှာ ကူးထည့်နေမိတယ်။ ကဗျာပိုင်ရှင်တွေကို ဂုဏ်ပြုတဲ့သဘောရော၊ ကျွန်တော်တန်ဖိုးထားတဲ့ လက်ရေးစာအုပ်လေးထဲ ဒီကဗျာတွေကို နေရာတစ်ခု ပေးထားချင်တာရောပေါ့။ အခု ကူးရေးထားမိခဲ့တာ၊ ‘လူရောင်လွင်’ ရဲ့ “မမလီဆာ”၊ ‘စိမ်းခက်စိုး’ရဲ့ “မစ္စတာ ဆာဆာကာဝါ ဗမာစစ်တပ် စစ်ကြောရေးကို ရောက်ဖူးလား” နဲ့ မနေ့က နာမည်တအားကြီးနေတဲ့ လူဖတ်များ လူဖြန့်များနေတဲ့ ‘ဆန်းကျော်စွာဝင်း’…

Read More

သားဦးကိုရိုက်မိတော့မယ်

ဒီနေ့ နေ့လည် “သားဦး” ဆုံးသွားပြီတဲ့။ ကျွန်တော် သိပ်ကြိုက်တဲ့ ကဗျာဆရာ။ အဆုံးအရှုံးတွေက များလိုက်တာ၊ ဝမ်းနည်းစွာ နှုတ်ဆက်လိုက်ရ ခြင်းသာ တတ်နိုင်ခဲ့။ Assorted Cake စာအုပ်မှာ ထည့်သွင်းဖို့ ရည်ရွယ်ထားတဲ့ “သားဦးကို ရိုက်မိတော့မယ်” စာစုလေးနဲ့ပဲ အလေးအနက် နှုတ်ဆက်လိုက်ပါတယ်။ သံသရာခရီးမှာ အစစ အဆင်ပြေပါစေဗျာ၊ ********** “သားဦး ကို ရိုက်မိတော့မယ်” ဘာမှတော့ သိပ်မလိုပါဘူး။ မြေပြောင်သလင်းခါနေတဲ့ ခြံဝင်းလေးထဲက လှေကား…

Read More

“ မှတ်ဥာဏ်စမ်းသပ်ခြင်း (memory test)”

အသက်ရလာတော့ မှတ်ဥာဏ် တဖြည်းဖြည်း အားနည်းလာတတ်တယ်။ ဒါ သဘာဝပဲ။ ‘အသက်အရွယ်နဲ့ဆိုင်တဲ့ သိမြင်မှုဆိုင်ရာ ကျဆင်းခြင်း/ age-related cognitive decline’ လို့ခေါ်မလားပဲ။ ရောဂါအနေနဲ့တော့ Alzheimer’s disease လို့များ တံဆိပ်ကပ်နိုင်လေမလား။ ကြီးရင့်လာတဲ့အခါ ကြုံလာရနိုင်တဲ့ အခြေအနေတစ်ခုဆိုတော့ လန့်တော့ လန့်တယ်။ အဲတော့ မှတ်ဥာဏ်ပြန်ခေါ် လေ့ကျင့်ခဏ်းလေး ခိုးခိုးလုပ်ကြည့်မိတယ်။ (ကိုယ်တွေက ငယ်ကတည်းက နာမည်မေ့ ရောဂါ ဆိုးဆိုးရှိတာ။ ဥပမာ အလွယ်ပြောရရင် / ကျော်မြင့်လွင်တို့…

Read More