ကျွန်တော်တို့သည် အချိန်ကြည့်ရန်သက်သက် ဖန်တီးထားသော နာရီများစွာကိုပိုင်ဆိုင်နိုင်ကြပါသည်။ သို့သော် အချိန်များကိုတော့ မပိုင်ဆိုင်ပါ။ မပိုင်ဆိုင်နိုင်ပါ။ ပိုင်ဆိုင်ခွင့်မရရှိခဲ့ကြပါ။ အချိန်များကို ဝယ်ယူစုဆောင်း၍မရနိုင်သလို ပိုင်ဆိုင်ခွင့်လည်းမရှိ။ အချိန်များကို ရေတွက်စောင့်ကြည့်ရန်အသုံးပြုသည့် နာရီ များကိုတော့ကျွန်တော်တို့ပိုင်ဆိုင်ခဲ့ကြဖူးပါလိမ့်မည်။ ကျွန်တော့်ဘဝထဲက နာရီအချို့ကတော့အချိန်ကိုကြည့်ရန်သက်သက် မဟုတ်ပဲ၊ ဖြတ်သန်းလာခဲ့ရဖူးသော ကိုယ့်ဘဝကို ကိုယ်ပြန်ကြည့်ရန် (သို့မဟုတ်) ပြန်လွမ်း တ,သရန် ဖလင်လိပ်များ ဖြစ်နေတတ်သေးကြောင်း ကျွန်တော်မေ့လျော့နေခဲ့သည်။ နာရီများအကြောင်း ပြန်တွေးမိ၊သတိရမိတိုင်း ကျော်လွန်ခဲ့ပြီးဖြစ်သော ဘဝမှတ်တိုင်များ တဖြတ်ဖြတ် ခုန်ကာ သက်ဝင်လှုပ်ရှားလာတတ်၏။ နာရီများသည် ကျွန်တော့်အတွက် အတိတ်ဆီသို့…
Date Archives June 2024
အသံ၊ သင်္ကေတနှင့် တပ်ဆင်ထားသောအလင်း (သို့မဟုတ်) တစ်စုံတရာ
အခန်း(၁)/ အသံ မှတ်ချက်။ ။ ကျုပ်မှာ နှလုံးသားတစ်ခု ရှိတယ်။ ခင်ဗျားမှာ နှလုံးသားတစ်ခု ရှိတယ်။ အဲဒီနှစ်ခုကို အပေါ်က လေးထောင့် သေတ္တာထဲမှာ ထည့်ထားတယ်။ မင်းခိုက်စိုးစန် (၁၉၉၆) ထိုအရာသည်၊ အမှန်ပင်၊ ကဗျာတစ်ပုဒ်ဖြစ်၏။ ထိုကဗျာ၏၊ အစိတ်အပိုင်း၊ အားလုံးသည်၊ ကျွန်တော့်မျက်လုံးများ၊ အတွင်းသို့၊ အရှိန်ဖြင့်၊ ပြေးဝင်လာကာ၊ နားစည်များကို၊ အပြင်းအထန်၊ ထုနှက်၊ ရိုက်ပုတ်ကြ၏။ အံ့ဩချိန်မရခင်မှာပင်၊ နားစည်များတွင်၊ အသံများစွာ၊ ကြားနေရကြောင်း၊ ဦးနှောက်မှ၊ ပေးပို့လိုက်သော၊ ကေုးနန်းတစ်စောင်၊ လက်ခံရရှိလိုက်သည်။ ထိုအသံများ၏၊ စကားဝှက်ကို၊ ဘာသာပြန်ကြည့်သောအခါ၊…
ဦးပိန်ကိုလွမ်းတဲ့စိတ်နဲ့နွေနေပူထဲလမ်းလျှောက်တဲ့အခါဦးပိန်သီဆိုပြတဲ့ “တောင်သမန်”ရဲ့သီချင်း
သက်တမ်းရင့်ရော် ခြင်းသည် ဇရာနှင့်အတူ ထည်ဝါ ခန်းနားသော အလှတရားများကို လည်း သယ်ဆောင်ပေးလာ၏။ နေပူ၊ လေပြင်း၊ မိုးနှင့် နှင်းများထဲ နှစ်ပေါင်းရာချီအောင် နေထိုင်လာခဲ့သော ဦးပိန်တံတား သည်လည်းကောင်း၊ ထိုတံတားကို သူ့ရင်တွင် ကျစ်ကျစ်ပါအောင် ပွေ့ဖက်ထားသောတောင်သမန်အင်း သည်လည်းကောင်း သဘာဝက ပေးထားသော လက်ဆောင်များ ကိုထိုက်တန်စွာရရှိထားကြသည်။ သံမဏိသက်ရှည်စွာ ဖြတ်သန်းလာခဲ့သောအချိန်တိုင်းသည် သူ့တို့သမိုင်းဖြစ်ကြောင်း သတိရကြပါစို့။ ယောင်မှား မေ့ ရော့ လိုက်မိကြမှာစိုးရိမ်၏။ သူ့ကျောကုန်းပေါ် တွင် လူဘယ်နှစ်ယောက်ဖြတ် လျှောက်ခဲ့ဖူးပြီလဲ။ မိသားစုပေါင်း ဘယ်နှစ်ယောက် မျိုးဆက်ပေါင်း ဘယ်လောက်ကို သူထမင်းကျွေးခဲ့ ပညာသင်ပေးခဲ့၊ ခိုလှုံရာနေရာ ပေးခဲ့ဖူးပြီ လဲ၊ တရားဓမ္မရွတ်ဖတ်သံ ဘယ်နှစ်ပိုဒ်ကိုသူကြားနာခဲ့ပြီးပြီလဲ။ စာရင်းအင်းပညာရှင်များ ခဏလာပါ။ ထိုကိန်းဂဏန်း များပြုစုရင်း မဝေးသေးသည့် သမိုင်းတစ်ခုကို တူးဖေါ်ကြည့်ကြရ အောင်။ (ပိုပြည့်စုံချင်လျှင် အရက်နှင့်ထန်းရည်ဂါလံပေါင်း မည်မျှရောင်းချပြီးခဲ့ကြောင်းနှင့် တောင်သမန်ရေပြင်အောက်မှ ရေသတ္တဝါ တန်ချိန် မည်မျှတို့ အမြည်း ဖြစ်ခဲ့ဖူးကြောင်း စာရင်း ကောက်ယူ ထားနိုင်ပါသည်။ ) ဤနေရာ၊ထိုဝန်းကျင်၌ ရာသီအလိုက် အချိန်နာရီအလိုက် ပြောင်းလဲတတ် သောထင်ရှားသည့် အလှတရား များ ရှိသည်ကို ရဲရဲယုံပါ။ မိုးတိမ် တောင်တို့ ညို့နေသော တောင်သမန်ကို မြင်ဖူးချင် သည်။ ဓါတ်ပုံဆရာများသည်ခြေခင်းလက်ခင်းသာသည့် ရိုက်ကွင်းရိုက် ကွက် ကောင်းသည့် ရာသီချိန်မျိုးကို သာရွေးရိုက်လေ့ရှိသည်ထင် သည်။ မြင်ဖူးသည့်ပုံ အ များစုတွင် ဦးပိန်သည် အင်္ကျီ မပါတတ်။ သူ့ကြည့်ရသည်မှာနွေပူပူတွင် ရေချိုးဆိပ်ဆင်းခါနီး အဖိုးအို တစ်ယောက်ကို မြင်ရသလိုမျိုး။ နံရိုးများ အပြိုင်းပြိုင်း ထင်ရှားစွာတွေ့ နေရတတ်သည်။ သူ့ကျောရိုး တစ်ချောင်းကိုသာ နင်းလိုသူ နင်းသွားကြတော့ဟု အမြဲခင်း ပေးထားတတ်သူမှာလည်း ထိုဦးပိန်ပင်ဖြစ်၏။ “အနာဂတ်ဘုရားအတွက် ခန္ဓာကိုယ် တံတားထိုး ရိုကျိုးပူဇော်ခဲ့ပါသည်” လွန်ခဲ့သော နှစ် သုံးဆယ်ခန့်က ဘုန်းနွယ်လင်း ( ကိုသန်းလင်း) ရေးခဲ့သောကဗျာတစ်ပုဒ်သည် ဦးပိန်၏ဆိုနေကျသီချင်းနှင့် ပြင်းပြသောဆန္ဒဖြစ်ကြောင်း ကျွန်တော်သက်သေခံပါမည်။ ခင်းထားသော သူ့ ကျောပေါ်မှ နေ့နေ့ညညအမြဲ လျှောက်သွားတတ်သူတစ်ချို့ မှာ ဘဝပိန်ပိန် ဝမ်းပိန်ပိန် လူ များဖြစ်ကြသည်။ သူ့ကျောပေါ် မှာဘဝကိုရှာဖွေနေသူများ ရှိသလို သူ့ ရင်ဘတ်အောက် မှာလည်း ဘဝ ကို ရှာဖွေနေသူ များရှိနေသေးသည် မှာအသေချာပင် ဖြစ်ပါသည်၊တစ်ခါ တစ်ရံတစ်ချောင်း ကိုတစ်ချောင်းထောက်ကူဖေးမ ထားရသော သူ့ နံရိုးများအောက် တွင် နွေငါး ကောက်သူကလေး များ တွေ့ရတတ်သေးသည်။ ငှက်ဟု ခေါ်ကြသော သမ္မာန်လေးများနွေရာသီတွင် ဘယ်ဆီသွားနားနေတတ် ကြပါသလဲ။ တစ်ခါကရေစပ်စပ်သာ ကျန်သော ဦးပိန်ခြေရင်း တွင်ဝပ်စင်းနေသော ငှက်ခတ် သူများကိုတွေ့ဖူး၏။ ဦးပိန်နှင့်ငှက်များ သည်တစ်ရွာတည်းသားများ သာဖြစ်ကြောင်းတုံးမောင်းခေါက်သံ များက ပြောပြကြလိမ့်မည်။ မယ်ဇယ်ပင်တော တွင် ငှက်သမားတို့၏ကမ္မည်း ကျောက်စာမရှိ၊အထိမ်းအမှတ် သစ်ပင်မရှိ။…
ကျောက်ခဲများအကြောင်း
ကျောက်ခဲလေးတစ်လုံးအကြောင်းသိချင်လို့ ရှာဖတ်တော့ ခုလိုတွေ့ရပါတယ်။ ကျောက်တုံးများကို ကျောက်စက်ဝန်း (rock cycle) ဟုခေါ်သော ဘူမိဗေဒဆိုင်ရာ လုပ်ငန်းစဉ် (geological process) ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး နှစ်သန်းပေါင်းများစွာ ကြာသောထိုဖြစ်စဉ်တွင် ကျောက်အမျိုးအစားတစ်ခုမှ အခြားကျောက်တစ်မျိုးအဖြစ်သို့ ပြောင်းလဲခြင်းလည်း ပါဝင်သည်။ ဤစက်ဝန်းအား ဘူမိဗေဒ၊ ဓာတု နှင့် ရုပ်ပိုင်းဆိုင်ရာ စွမ်းအား များ အပါအဝင် အမျိုးမျိုးသော သဘာဝ စွမ်းအားများနှင့် လုပ်ငန်းစဉ်များဖြင့် မောင်းနှင်ပါ သည်။ ကျောက်တုံးများ မည်သို့ဖွဲ့စည်းပုံကို အသေးစိတ် လေ့လာကြည့်လျှင်၊ ကျောက်များ သည် နှစ်သန်းပေါင်းများစွာ သို့မဟုတ်…
ကြော်ငြာတောမှာ တစ်ဘဝစာ ကူးခတ်နေကြရသူများ
ကြော်ငြာဆိုတာ ကျော်ကြားအောင် ထုတ်ဖေါ်ပြောပြတာမဟုတ်လား။ မြန်မာအဘိဓာန်ထဲမှာတော့ဖြင့် – ကြော်၁ ၊ ကြိ- ဟစ်အော်သည်။ ~ငြာ၊ ကြိ-၁၊ အော်ဟစ်သည်။ ၂၊ သတင်းစကား စသည်ကို လူအများကြားသိအောင်လုပ်သည်။ န- အများသိအောင်လုပ်သော အရေးအသား စသည်။ “ဆေး ~။ ရုပ်ရှင် ~ ။ ဆိုပြီးသွန်သင်ထားတာတွေ့ရတာပဲ။ လွယ်လွယ်ပြောရရင်တော့ ကိုယ့်ဟာကို အများသိအောင် လူထူထူမှာ အော်ဟစ်ပြောဆိုပြီး သတိမူမိအောင် လုပ်ကြတဲ့သဘောသဘာဝပဲ။ မြန်မာစကားက ခပ်ရှုတ်ရှုတ်ဆိုတော့ “ကြော်ငြာ” နဲ့ “ကြေညာ”ကြား တိုင်လည်း အပတ်များခဲ့ကြသေး။…
ဦးဘသက်ရဲ့မှတ်ပုံတင်
Author: lubo601 | 9:20 PM | No မှတ်ချက် | by Nyein Aye Eain on Wednesday, August 17, 2011 at 7:23am အရေးတကြီး ကိစ္စတစ်ခုဖြင့် နက်ဖြန်မနက်တွင်သွားရမည့် ခရီးစဉ်တစ်ခုအားဖျက်လိုက်ရသည့်အချိန်ကျမှ မှတ်ပုံတင်တစ်ခု၏ အရေးပါမှုကိုကျွန်တော်အသိအမှတ်ပြုလိုက်ရပါသည်။ ခါးပိုက် အနှိုက်ခံရသည်လား၊ ကျပျောက်သည်လား အကြောင်းရှာမရသော်လည်း ကျွန်တော့်မှတ်ပုံတင်ပျောက်ဆုံးခဲ့ သည်မှာ တော့ သေချာပါသည်။ပြည်တွင်းခရီးစဉ်ပင်ဖြစ်သော်လည်း သွားရမည်က တစ်နံတစ်လျား။ ယဉ်ရထား လက်မှတ်ဝယ်ယူရေး၊ ရောက်ရာ အရပ်တွင် တည်းခိုရေးအတွက်မှတ်ပုံတင်သည် အသက်ဖြစ်၏။ သူမရှိလျှင် ဘာမျှလုပ်မရတော့။ မည်မျှပင် အရေးကြီးသည့်ကိစ္စဖြစ်ပါစေ ခရီးစဉ်ဖျက်ပြီး လက်လျှော့လိုက်ရုံက လွဲ၍ ကျွန်တော့်မှာ အခြား ရွေးချယ်စရာမရှိ တော့ပါ။ မှတ်ပုံတင်ဟူသည်မှာ လူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု လိုပင် မရှိမဖြစ်အရာလား။ ဗင်းဆင့်ဗန်ဂိုးကို သတိရသည်။ သူ့မှာရော မှတ်ပုံတင်ရှိရဲ့လား။ ရှိမည့်ပုံမပေါ်ပါ။ ရှိမည်ဆိုလျှင် သူ့မှတ်ပုံတင်သည် အဝါရောင်ဆေးများသာဖြစ်နိုင်ပါသည်။ နေချင်သည့်အချိန်တွင်နေ၍ သေချင်သည့်အချိန်တွင် သေဆုံးသွားသူတစ်ယောက်အား မှတ်ပုံတင်နှင့်ဆက်စပ်စဉ်းစားမိသည်မှာ အတော်ပင်ရုးမိုက်သော အတွေးဖြစ်၏။ သူ့စိတ်အဆာပြေစေဖို့ သူ့ကိုယ်ပိုင်နားရွက်ဖျား တစ်ဖက်ကိုဖြတ်ကာ ကောင်မလေးတစ်ယောက်ဆီ လက်ဆောင်ပို့ပေးခဲ့ဖူး သည်။ ရူးကြောင်ကြောင်လူတစ်ယောက်ဟု အများကသတ်မှတ်ထားသူတစ်ယောက်၏ စိတ်လွတ်လပ်မှုကို ယနေ့တိုင်ကျွန်တော်တို့ ပြောဆိုမပြီး နိုင်ကြသေးပါ။ ခန္ဓာကိုယ်မှ နားရွက်ဖျားတစ်ဖက်မရှိသော်လည်း အသက်ရှိသေး၏။ လုပ်ဆောင်ဖွယ်ရာများကို ပြေပြေ ပြစ်ပြစ်ဆောင်ရွက်နေနိုင်သေး၏။ သူ့မှတ်ပုံတင်ကတော့ မပျောက်ပါ။ စုတ်ပြဲသွားခြင်း (သို့မဟုတ်) ဆုတ်ဖြဲလိုက်ခြင်းသာ ဖြစ်ပါသည်။ သူရှိရာ မန္တလေးမြို့မှ တိုက်ပုလေးတစ်လုံးဆီရောက်သွား တုန်းကဖြစ်သည်။ အုတ်နံရံတွင်မြေဖြူနှင့်ရေးထား၏။ “ ဆရာ့ထံ သူခိုးမလာပါနဲ့” . .တဲ့။ (ဘယ်သူတွေ ဆရာ့ဆီက ဘာတွေခိုးယူသွားခဲ့ဘူးကြောင်း ကျွန်တော်တို့မသိနိုင်တော့၊။ အခိုးခံပစ္စည်းများထဲ လူ့တန်ဖိုးမပါစေဖို့ ဆုတောင်းပေးရုံသာ တတ်နိုင်ခဲ့ပါသည်။) ပန်းချီဆရာကြီး ဦးဘသက် …
လွမ်းနေသောဝါကျများသည်အချစ်သီချင်းကိုသီဆို၏
“”ဤဝတ္ထုသည် ဇာတ်အိမ်ဇာတ်လမ်းတို့ဖြင့် ခန်းခန်းနားနားဖွဲ့ဆိုထားသော ဝတ္ထုတစ်ပုဒ်မဟုတ်ပါ။ အချစ်ပြီးလျှင် အချစ်သာရှိသော ချစ်သူနှစ်ဦးတည်းပိုင် တစ်နေရာလေးဆီသို့ သွားကြသည့်ခရီး၌ ကိုယ်က စူးစူးနစ်နစ်ချစ်ရခြင်း။ ကိုယ့်အား သည်းသည်းထန်ထန် အချစ်ခံရခြင်းတို့ကြောင့် ကွဲကြေသွားခဲ့ကြရသော ဘဝအစိတ်အပိုင်းများကို ဝါကျများဖြင့် ဖြန့်ကြဲ ခင်းကျင်း ပြသထားခြင်းသာဖြစ်ပါသည်။”” *** အကယ်၍ ကျွန်တော်သည် အချစ်ဝထ္ထုရေးဖွဲ့သူတစ်ဦးဖြစ်ခဲ့လျှင် ကျွန်တော့်အကြောင်းရေးထားသည့် ဇာတ်လမ်းတစ်ပုဒ်ကို ဤသို့သော ကြေကြေကွဲကွဲဝါကျများဖြင့် စတင်ရေးသားဖြစ်မည်လော မပြောတတ်ပါ။ လောလောဆယ်တွင်တော့ ကျွန်တော့်အာရုံသည် မြူနှင်းထဲတွင် ပိတ်လှောင်ခံနေရပြီး.. နွေဦးမြူများ ဖြင့် ပိတ်ဆီးနေသော မနက်ခင်းသည် ကျွန်တော့်အတွေးထဲတွင် ဝဲလှည့်ပျံသန်းလျက်ရှိသည်။ မြူငွေ့များနှင့်အတူ အစောဆုံးပွင့်သော ကံ့ကော်ဦးတို့လည်း ထိုအတွေးထဲတွင်ပါ၏။ ထိုသို့သော မနက်ခင်းတစ်ခုတွင် ချစ်သူကို ကံ့ကော်ပွင့်ဦးများ လက်ဆောင်ပေးဖြစ်ခဲ့သေးသည်ထင်သည်။ နေရောင်နွေးနွေးနှင့် အေးစိမ့်သောလေတို့ ချစ်ကြည်နေကြ သော နွေမနက်ခင်းတွင် ချစ်သူကိုသတိရခြင်းသည် ကျွန်တော့်အတွက် သီချင်းဖြစ်၏။ ထိုသီချင်းကို ကျွန်တော် ဤသို့သီဆိုခဲ့သည်။ မဲမှောင်သောကတ္တရာလမ်းသည် ကံ့ကော်ပန်းကြွေတို့ဖြင့် လင်းထိန်နေ၏။ ထိုနံနက်ခင်းကို မြူ(သို့မဟုတ်) နှင်းမှုန်မှုန်ကာဆီးနေသည်။ ချစ်သူလာမည့်လမ်းသည် ကံ့ကော်ဝတ်မှုန် နှင့် နေခြည်နုတို့ဖြင့် ပေလူးစွတ်စိုနေသည်။ အမှောင်နှင့်အလင်းသည်ပင် ဤနံနက်ခင်းဖြစ်၏။ ဝိုးတဝါးမြင်ကွင်း သည်ပင် ကျွန်တော့်၏ ရင်ခုန်ခြင်းဖြစ်၏။ နေရောင်ကို ကျောပေး၍ ကျောင်းထဲသို့ ချစ်သူ ဝင်ရောက်လာပြီ။ လေပြည်နုအသော့တွင် ရှည်လျားသောဆံနွယ်တို့ မော့မော့ပြေပြေလှုပ်ဆော့နေကြသည်။ ချစ်သူသည် နေခြည်နွေးနွေးတွေ ပေလူးနေသော ဝတ်မှုန်တို့၏ကျောပေါ်မှ ဖြတ်လျှောက်လာနေရ၍ ထင်သည်၊ သူ့ခြေလှမ်းတို့ ညင်သာကြွရွလှ၏။ ထိုမြင်ကွင်းကို အတူကြည့်နေသောသူငယ်ချင်း၏နှုတ်မှ စကားတစ်စု ကြွေကျလာသည်။ “ဒါ့ဟာ ..ကဗျာတစ်ပုဒ်ပဲ” ကျွန်တော် သူ့ကိုပြန်ပြောလိုက်သော စကားမှာ … “ဟုတ်တယ်၊ ဒါကဗျာပဲ” ဟုဖြစ်သည်။ *** ထိုအချိန်က ကျွန်တော့်အတွက် အချစ်သည် ကဗျာဖြစ်၏။ ထိုကဗျာသည်ပင် သီချင်းဖြစ်ကာ အနှီသီချင်းကို ကျွန်တော် နှစ်နှစ်သက်သက်သီဆို၏။ ကျွန်တော့်သီချင်းသံများကို ချစ်သူကြား ခဲ့မည်လား။ ထိုနံနက်ခင်း၏ နှင်းတို့သည် သံစဉ်တေးသွားဖြစ်ခဲ့သည်လား။ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေသော ပြောင်းလဲခြင်းတရားတို့ အလယ်တွင် ကျွန်တော့်ခံစားမှုတို့သည်အပိုင်းပိုင်းပြတ်နေသော မှတ်တမ်းရုပ်ရှင် ဖလင်တစ်လိပ် ဖြစ်ခဲ့ပြီ။ မည်သည့် ပြစက်ကို အသုံးပြု၍ ကုန်လွန်ခဲ့သော အတိတ်ကို ကျွန်တော်ပြန်လည်ပုံဖေါ်ရပါမည်နည်း။ အရာရာသည် လှုပ်ရှားပြောင်းလဲနေသော်လည်း ကဗျာသည် သံသရာတည်းဟူသော နံသာဖြူပန်းပျောက် သေတ္တာထဲတွင် ထာဝစဉ်ရှိ၏။ သံဂဟေဆော်သော ဂေါက်တံမှ အပြာရောင်မီးပန်းပွားများ လွင့်စင်ဖြာထွက်သွားပုံ နှင့်တူသောသူ့အပြုံးကို ကျွန်တော် သောက်သုံးမျိုချလိုက်သည်။ ဝိုးဝါးမှုန်ရီသော ဟုတ်ယောင်ထင်မှုနှင့်တောက်ပ စူးရှသောဖြစ်ရပ်မှန် ဘဝ၏စပ်ကြား၊ အလင်းနှစ်တစ်သန်း အကွာအဝေးအပိုင်းအခြားအတွင်းမှာ၊ အပြာရောင် မီးပန်းပွားများ လွင့်စင်ဖြာထွက်နေ၏။ ဆေးပြာသုတ်ထားသော သစ်သားအိမ်လေး တစ်လုံး၊ မန်ကျည်းပင်ရိပ်မှ ဝါးကွပ်ပျစ်၊ ရေချိုတွင်း တစ်တွင်းနှင့် သစ်ခွပန်းရုံတစ်ရုံ၊ ဗေဒါလမ်း၊ ဗော်ဒီလဲ၊ ကပ်(ဖ)ကာနှင့် ဂျိုက်(စ)၊ ဒေါ့စကိုယက်စကီးနှင့် သစ်ချတောင်ဆရာတော်တို့၏ စာအုပ်များ၊ အောင်စိုး၏ ပန်းချီကားတစ်ချပ်နှင့် ဆေးကောင်းစွာစပ်ထားသော နွားဆေးပေါ့လိပ်တစ်လိပ်၊ အနည်းငယ်မျှသော ကျွနု်ပ်ဘဝလိုအင်များ ရေးမှတ်ထား သည့် စာရွက်သည်၊ အချိန်နှစ်ခု၏ကြား ဘယ်မှာ ကျပျောက်ခဲ့ပြီမသိတော့။။ နန်းတော်ရှေ့၏ကြာပင်အိုင်ကြီးအနီးမှာ မြူနှင်းများဝေနေသည်။ ဆရာငြိမ်း၏သီချင်းများကို သူဆို၏။အချိုသာဆုံး ဂီတသံတစ်သောင်းကို ပေါင်းစပ်လိုက်သောအခါ ပင်လုံးဝေဝေပွင့်သော ပိတောက်ပင် တစ်ပင်ဖြစ်လာသည်ကို ခံစားတတ်မှ သိလိမ့်မည်။ ချိုက်ကော့စကီး၏ကွန်ရှာတိုတေးကြီးတစ်ဘွဲ့သည် ကျဉ်းမြောင်းသောပညတ်နံရံများကို ကျော်လွန်သွား၏။ ဆန္ဒာန်အိုင်သာ မှာရွှေကြာတွေ ညီးလို့လင်းနေသည်။ ချိုင်ကော့စကီး၏တေးသွားများ ပညတ်နံရံကို ကျော်လွှားနေချိန်တွင် ကျွန်တော့်အတွေးများက အချိန်ကာလ သတ်မှတ်ချက်များ ကို ကျော်လွှားနေပါသည်။ ယုံပါ။ စိတ်ဖြင့် ငယ်ဘဝကိုပြန်သွားရသည့်ခရီးတွင် မည်သည့်ယဉ်မျှ စီးရန်မလိုအပ်ခဲ့ပါ။ ဆယ်ကျော်သက်တို့၏ လန်းဆန်းပျိုမြစ်မှုသည် တိမ်စင် နွေကောင်းကင်နှင့်တူ၏။ သူတို့ချစ်ခြင်းသည် သမုဒ္ဒရာတစ်စင်း၏ နက်ရှိုင်းခြင်းနှင့်တူ၏။ ဝန်းကျင်အရပ်ရပ်မှ တိုက်ခတ်လာသော လေတိုင်းတွင် ချစ်သူ၏ကိုယ်သင်းနံ့ကိုရနေ၏။ မြင်ကွင်းတွင် ထင်လာသမျှသည် ချစ်သူ့ပုံရိပ်ဖြစ်၏။ လူစည်သော ကားဂိတ်တွင် ကောင်လေးက သူ့ချစ်သူကိုစောင့်နေ။ ခတ်ဝေးဝေးလူအုပ်ထဲမှကောင်မလေးသည် ချစ်သူကောင်လေးရှိရာ လှမ်းလာ။ ကောင်လေး၏နားအစုံတွင် ပတ်ဝန်းကျင်ရှိ အသံဗလံပေါင်းစုံပျောက်ဆုံးသွား။…
ဗင်းဆင့် မပျော်ခဲ့တဲ့ ကမ္ဘာ
ကျွန်တော့်အတွက်ကတော့ ထူထဲလေးလံတဲ့အမှောင်ကို စောင်လိုခြုံထားရနဲ့ ညပါပဲ။ အနက်ရောင်မြူတွေက လူပေါ်ကို တလွင့်လွင့် ခုန်ချနေကြတယ်။ အဲဒီအခိုက်အတန့်မှာ ဟိုအဝေးကနေ တစတစနီးလာတဲ့ ညခြေသံတစ်ခုကို ကျွန်တော်ကြားလိုက်ရတယ်။ “ဖျပ် ဖျပ် ဖျပ်” ကျွန်တော်က ခြေသံတွေကို အသက်အောင့်ပြီး နားထောင်နေရတယ်။ မြေပက်ကြားအက်တို့ ဆွဲဆွဲငင်ငင်အူနေကြသလို ခြေသံတွေကလဲ ဆွေးမြည့်ရှည်လျားလှတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ခြေသံတို့ တိတ်သွားတယ်။ ခြေသံရှင်ဟာ ကျွန်တော့်ရဲ့ မလှမ်းမကမ်းမှာ ရောက်နေပါပြီ။ အဖြူရောင်မီးခိုးတွေက သူ့ရှေ့မှာ ဒိုင်းလိုကာထားကြလို့ ကျွန်တော်ကြည့်ရတာ ဝေဝေဝါးဝါးဖြစ်နေပါတယ်။…
နေမျိုးကိုရေးသားခြင်း
“နီတိများ” အကြောင်းကို တွေးမိပြီး “မင်းလက်ဖျံမှာ ဆေးမင်ကြောင်ရုပ်တွေရှိသေးလား စိုးအောင်” လို့ အမေးတစ်ခွန်း နှုတ်က ထွက်ကျသွားချိန်မှာ ဒါဟာ “ဝါကျဖြစ်သွားသော အက္ခရာများ” လားလို့ ကိုယ့်ဟာကိုယ် သံသယဖြစ်မိတယ်။ “အမြဲတမ်း တစ်ယောက်လို” နေသူတစ်ယောက်ဟာ “တစ်စုံတစ်ယောက်ကို သင်ချစ်တော့မည်ဆိုလျှင်”ရဲ့ နောက်ဆက်တွဲဖြစ်လာနိုင်ဖွယ်တွေကို တွေးဆရင်း၊ “ကမ္ဘာကြီးကို ဒီအတိုင်းထားခဲ့”ပြီး “စောင့်ပါ” လို့ နာမည်ထွင်းထိုးထားတဲ့ “တစ္ဆေသင်္ဘော”ပေါ်တက်လိုက်သွားခဲ့တယ်။ အဲဒီမှာ “မနေ့က မိုးရွာတယ် ကိုခင်အောင်အေး” အမည်ရ “ ပို့စ်မော်ဒန်ရုပ်ရှင်” တစ်ကားကို သူ ကြည့်နေတယ်။ ဒါဟာ “အမှားအယွင်းများတဲ့နေ့”တစ်နေ့ဖြစ်နိုင်သလို “မင်းမဖတ်လိုက်ရတဲ့ကဗျာ” တစ်ပုဒ်လည်းဖြစ်နိုင်တာပါပဲ။ “ကျောက်တုံးများကို ဟောကိန်းထုတ်ခြင်း” ဟာ “တောက်တီးတောက်တဲ့ ” နိုင်ကောင်းနိုင်မယ်။ ဒါဟာ “မထွန်းကားခဲ့သော ဓလေ့ထုံးစံများ”သာဖြစ်တယ်။ “မနက်ဖြန်ကျရင်” “အတိတ်မှာနေသူ”ဟာ “ဆေးရုံ” ရဲ့ “ဖျားနာဆောင်(၃)” ကုတင်လေးတစ်လုံးပေါ်ကနေ “လွမ်းစေတီ” ကုန်းပေါ်က “စာနာခြင်းသစ်ပင်” အကြောင်း တွေးကောင်းတွေးနေ နိုင်တယ်။ “လူတစ်ယောက်ရဲ့နေ့ရက်များ” ဟာ “အားလုံးကို ရွှေနှင့်လုပ်ထားသည်” အမည်ရှိ “ဂီတစိမ်း” တစ်ပုဒ်တော့ ဟုတ်ဟန်မတူ။ “ဖားပြုပ်” “နွားသိုး” “သူခိုးဗျို့ သူခိုး” ဆိုတာ (နေမျိုး) ရေးခဲ့တဲ့…
တို့များအရွယ်ညောင်းခဲ့ရင်ကွယ်
ကျွန်တော်ချစ်ခင်လှတဲ့ မန္တလေးက စာရေးဆရာကြီးညိုထွန်းလူခေါ် ဘဒွေးညို ရဲ့ ပို့စ်တစ်ခုကို ဖတ်ရတယ်။ အလိုကွယ် … သူရို့ သူအိုဇနီးမောင်နှံနေထိုင်မှုက ချစ်စရာ လွမ်းစရာလေး။ သူက ဒီလိုရေးသဗျ။ **** ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့ပျော်ခဲ့ကြတယ်။ မဟုတ်သေးဘူး ပျော်ခဲ့တယ်လို့ထင်မိတယ်။ သူကလည်းအံ့သြစရာ။ လက်ဘက်ရည်ကြိုက်တယ်လေ။ ကျုပ်တို့နှစ်ယောက် လက်ဘက်ရည်ဆိုင်မှာထိုင် ခဲ့ရတဲ့နေ့ရက်တွေကို လွမ်းတောင် လွမ်းမိသွားတယ်။ အခု သူကမလိုက်နိုင်တော့ အပြန်မှာသူ့အတွက်လက်ဘက်ရည်ပါဆယ်တစ်ခွက် ဆွဲလာခဲ့ရတယ်။ ကျုပ်ကတော့ သွားနိုင်လာနိုင်တုန်းမို့တော်သေးရဲ့။ လက်ဘက်ရည်ဆိုင်မှာမိတ်ဆွေ နဲ့တွေ့လို့ စကားပြောဖြစ်လည်း နာရီဝက် ထက် ပိုမကြာဘူး။ အိမ်မှာတစ်ယောက်တည်းကျန်ခဲ့တဲ့သူ့ကို စိတ်မချဘူးဗျ။ ဇာတ်ခုံပေါ်မှာ လက်ဘက်ရည် ပါဆယ်ခွက်ကလေးဆွဲပြီး အိမ်ကိုပြန်လာတဲ့အဖိုးအို ဖြစ်တဲ့ ကျုပ်ကိုတွေ့လိုက်ရတယ်။ အိပ်ရာထဲ လှဲနေတဲ့ သူ့ကိုထူပြီး လက်ဘက်ရည်ကို ဖြေးဖြေးချင်း တိုက်လိုက်တယ်။ အမယ်အိုက လက်ဘက်ရည်သောက်ပြီးရင် ကုတင်ပေါ်မှာ ခြေတွဲလောင်းချထိုင်ပြီး ကျုပ်နဲ့ခဏတဖြုတ် စကားပြောလေ့ရှိတယ်။ကျုပ်ကသူ့လောက် သတိမကောင်းဘူး။ မေ့လျော့တာတွေ များလာပြီ။ သူက မနက်ခင်းမှာ သောက်ရမယ့် ဆေးတွေကို သောက်ပြီးပြီလားတဲ့။ ည၁၁နာရီထိုးရင်အိပ်တော့တဲ့။ ကျုပ်မအိပ်နိုင်သေးရင် ကျုပ်ရှိတဲ့နေရာကို ရောက်လာတတ်လို့ အိပ်ချင်ယောင်ဆောင်နေလိုက်ရသေးတယ်။ တကယ်တော့ ဒါတွေက ဘဝဇာတ်ခုံပေါ်မှာဖြတ်လျှောက်ကဏ္ဍ နည်းပါးလာခဲ့တဲ့ ကျုပ်တို့နှစ်ယောက်ရဲ့နေ့စဉ်တွေ့နေရမယ့် မပီဝိုးတဝါး မြင်ကွင်းတွေပါ။ ***** သူ့စာကို ဖတ်မိလိုက်တာနဲ့ ချက်ချင်းပဲ ကျွန်တော့် အတွေးမြင်ကွင်းတွေလည်း မှုန်ဝါးသွားလေရဲ့၊ ပြီးတော့ နှင်းထူထူထုကို ခွဲထွက်လာတဲ့ နေရောင်နုနုလေးလို မှတ်ဉာဏ်ထဲ အလင်းပြပြရောက်လာတယ်။ လူအိုနှစ်ယောက်…