ကျွန်တော်နှင့် နန္ဒ ၊ နန္ဒာများ ******* ‘နန္ဒ’ ဟု ဆိုလျှင် ဆရာနန္ဒ၏ ‘သံနှင့်သွေး’ ‘ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီ” ‘မိုးယံသို့ချီ’ စာအုပ်များက မှတ်ဉာဏ်ထဲကနေ ကမန်းကတန်း ခေါင်ပြူထကြည့်လာကြသည်။ ကျွန်တော် အလွန်နှစ်သက်စွဲလန်းခဲ့သော စာအုပ်များဖြစ်၏။ နန္ဒာသိန်းဇံသည် နာမည်ကျော် ဒဿနိကပါမောက္ခနှင့်၊ စာရေးဆရာဖြစ်ပြီး ဟာသစာပေများနှင့် ထင်ရှားခဲ့သော ဆရာကြပ်ကလေး၏ ကလောင်ခွဲတစ်ခုမှာ ‘နန္ဒသူ’ ဖြစ်သည်။ ‘ရှင်နန္ဒမာလာ’ သည် ဘိုးတော်ဘုရားလက်ထက်က ထင်ရှားသည့် ကျမ်းပြုဆရာတော်တစ်ပါးဖြစ်ခဲ့ပြီး၊ ‘နန္ဒာပုလဲ”သည် ဆရာတက္ကသိုလ်နန္ဒမိတ်၏ အကျော်ကြားဆုံးဝတ္ထုတစ်ပုဒ်နာမည်ဖြစ်ကာ၊ ‘ကိုကို့နှမ မြနန္ဒာ’သည် ဆရာမကြီးကြည်အေး ၏ နာမည်ကျော်ဝတ္ထုတစ်ပုဒ်ဖြစ်ပြန်သည်။ ‘ငြိမ်းနန္ဒ’သည်…