ဘာမှမဟုတ်ဘူး။ ဖတ်နေတာက ရာဇဝင်၊ ပြောချင်တာလေးရှိလို့ လိုက်ဖတ်နေတုန်း ခေါင်းထဲ ပြေးဝင်လာတာက ‘မင်းမှာသစ္စာ လူမှာ ကတိ” ဆိုရိုးစကား။ အဲသမှာတင် ‘သစ္စာ’ဆိုတဲ့စကားလုံးဆီ စိတ်ကရောက်သွား။ သစ္စာရှိခြင်း အကြောင်းကို ပြောဖို့ဆိုတာ သစ္စာဟာဘာလဲလို့ တိတိပပ သိရဖို့က အရေးကြီးလာ။ “ရှင်ကျွန်မအပေါ် သစ္စာမရှိဘူး” ဆိုတဲ့စကားကနေ၊ မြတ်ဗုဒ္ဓရှင်ရဲ့ ‘သစ္စာလေးပါး’ တရားတော်ထိ စိတ်ရောက်သွား။ စူးစမ်းစိတ်တွေ တိုင်ပတ်/ ရွာလည်/ ခရီးဆန့်။ (ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာအားဖြင့် လေးပါးဖြစ်သတည်း။ ထိုတွင် ဘုံသုံးပါး၌ဖြစ်သော ဝဋ်တရားသည် ဒုက္ခသစ္စာ မည်၏။ တဏှာ-လောဘသည် သမုဒယသစ္စာမည်၏။ …