ဒီနေ့ နေ့လည် “သားဦး” ဆုံးသွားပြီတဲ့။ ကျွန်တော် သိပ်ကြိုက်တဲ့ ကဗျာဆရာ။ အဆုံးအရှုံးတွေက များလိုက်တာ၊ ဝမ်းနည်းစွာ နှုတ်ဆက်လိုက်ရ ခြင်းသာ တတ်နိုင်ခဲ့။ Assorted Cake စာအုပ်မှာ ထည့်သွင်းဖို့ ရည်ရွယ်ထားတဲ့ “သားဦးကို ရိုက်မိတော့မယ်” စာစုလေးနဲ့ပဲ အလေးအနက် နှုတ်ဆက်လိုက်ပါတယ်။ သံသရာခရီးမှာ အစစ အဆင်ပြေပါစေဗျာ၊ ********** “သားဦး ကို ရိုက်မိတော့မယ်” ဘာမှတော့ သိပ်မလိုပါဘူး။ မြေပြောင်သလင်းခါနေတဲ့ ခြံဝင်းလေးထဲက လှေကား…
Browsing Category Life
“ မှတ်ဥာဏ်စမ်းသပ်ခြင်း (memory test)”
အသက်ရလာတော့ မှတ်ဥာဏ် တဖြည်းဖြည်း အားနည်းလာတတ်တယ်။ ဒါ သဘာဝပဲ။ ‘အသက်အရွယ်နဲ့ဆိုင်တဲ့ သိမြင်မှုဆိုင်ရာ ကျဆင်းခြင်း/ age-related cognitive decline’ လို့ခေါ်မလားပဲ။ ရောဂါအနေနဲ့တော့ Alzheimer’s disease လို့များ တံဆိပ်ကပ်နိုင်လေမလား။ ကြီးရင့်လာတဲ့အခါ ကြုံလာရနိုင်တဲ့ အခြေအနေတစ်ခုဆိုတော့ လန့်တော့ လန့်တယ်။ အဲတော့ မှတ်ဥာဏ်ပြန်ခေါ် လေ့ကျင့်ခဏ်းလေး ခိုးခိုးလုပ်ကြည့်မိတယ်။ (ကိုယ်တွေက ငယ်ကတည်းက နာမည်မေ့ ရောဂါ ဆိုးဆိုးရှိတာ။ ဥပမာ အလွယ်ပြောရရင် / ကျော်မြင့်လွင်တို့…
ချစ်သောကြောင်မင်းမောင်
ချစ်သော ကြောင်မင်းမောင် ..၊ထောင်ထဲမှာ ရရာဆေး၊ ရရာ စက္ကူနဲ့ရေးခဲ့ပြီးရအောင် အပြင်ကို ပြန်သယ်ယူထားခဲ့တဲ့ ပန်းချီကားတွေသက်တမ်းအားဖြင့် ရာစုနှစ်တစ်ဝက်လောက်ရှိနေပြီ။ ခုနေခါများ လေလံတင်လိုက်ရလို့ကတော့ဖြင့်ဟွင်းဟွင်းဘာပြောကောင်းမလဲဘာမှကို ပြောမကောင်းတော့ဘူး။
နူးညံ့တဲ့ နှလုံးသားကို မာကျောတဲ့ အခွံနဲ့ဖုံးအုပ်ထားသူ
(ဒုတိယပိုင်း) သူဆုံးတဲ့နေ့က သူ့တပည့်မ ‘ခက်မာ’ ရယ် သူ့ရဲဘော် ကိုမျိုးထွန်း(နိုင်ကျဉ်း/ ကဗျာဆရာ/တေးရေးခွန်ဆိုင်း) ရယ် သူ့သတင်း ကြားရလို့ စိတ်မကောင်းခြင်းကြီးစွာနဲ့ ချက်တင်( Chatting)ပြောထားတဲ့ မှတ်တမ်းလေးကို ခုလို တွေ့ရပါတယ်။ ခက်မာ။ ။ ရင်ထဲမှာတောင် ဆို့လာတယ်။ ကျွန်မ အချစ်ဆုံးဆရာ။ ကျွန်မစာရေးဆရာဖြစ်လာတာ ဆရာ့လွှမ်းမိုးမှုအများဆုံးပါ ပါတယ်။ ခွန်ဆိုင်း။ ။ ဟုတ်ပါတယ်၊ သူက ကျောင်းသားခေါင်းဆောင်၊ သပိတ်ခေါင်းဆောင်ပေမယ့်၊ စိတ်ထားနူးညံ့တယ်။ ကျွန်တော်တို့လို ညစ်တာ၊…
နူးညံ့တဲ့ နှလုံးသားကို မာကျောတဲ့ အခွံနဲ့ဖုံးအုပ်ထားသူ
မတ်လရဲ့ ပန်းပွင့်များ တိုင်းပြည်ရဲ့ ဝမ်းဗိုက်ကို မီးလောင်တိုက် သွင်းတဲ့အခါ ကျွန်တော်ချစ်တဲ့ လွယ်အိပ်ကလေးဟာ အိမ်နံရံထက်မှာ ကျန်ခဲ့ပေါ့။ အလျားလေးလှမ်းခွဲ အနံလေးလှမ်း အလုံပိတ်တိုက်ခန်းထဲမှာ လုံးတီးဆန် ပဲဟင်းစားရင်း အားလုံးအပေါ်သစ္စာရှိခဲ့တယ်။ အကျဉ်းသားအမှတ် ၄၅၅၅ ရက်စက်မှုများကျော်လွှား နေ့ရက်များစွာ မှတ်ကျောက်တင်ခံခဲ့ပေါ့။ အမှောင်ခေတ်မှာ ထောင်ဆိုတာ သူရဲကောင်း ပြတိုက်ဖြစ်တယ်။ မျက်ရည်မကျပါနဲ့ ပြုံးပြလိုက်ပါ အချစ်ရေ ကြည်လင်တဲ့ကောင်းကင်အောက်က တိမ်ပြာပြာနေ့တစ်နေ့ တို့ ပြန်လည်ဆုံတွေ့ကြမယ် လောလောဆယ်မှာတော့ အနာဂတ်ဘုရားအတွက် ခန္ဓာကိုယ်…
ဆရာကြီးဖိုးနိုင်လင်း ငယ်ဘဝ
ငါ မင်းကို ဘယ်တော့မှ ပြောရတော့မှာမဟုတ်ဖူးလို့တောင် ထင်မိခဲ့တဲ့ စကားတစ်ခွန်းကို ခဲခဲခက်ခက် လေးလေးနက်နက် ပြောထွက်မိပြီးတဲ့ နောက်မတော့ ချစ်သူဆီကအဖြေပြန်ရလို့ ပျော်မိတဲ့ ပီတိအဟုန်ကြောင့် ဆံဖျားကအစ ခြေသည်းအဆုံး တစ်ကိုယ်လုံး သိမ့်သိမ့်တုန်ခဲ့မိတယ်။ ဒီထက်ပိုပြီး ဘာကိုမှ မျှော်လင့်မထားကြဘဲ ပိုင်ဆိုင်လိုမှုကိုလည်း မေ့ထား၊ အတိတ်နဲ့အနာဂတ်တွေကိုပါ မဖွေရှာတဲ့ အသေအချာ ချစ်ကြသူနှစ်ယောက်ကို ငါတို့ရဲ့ မြေကမ္ဘာကပါ ရေရေရာရာ ကောင်းချီးပေးလိမ့်မယ်ထင်ရဲ့။ စတွေ့မိလိုက်ကတည်းက ဝေ့လည်လည်မဖြစ်ခဲ့ဘဲ သီးသီးသန့်သန့် ခန့်ခန့်ငြားငြား ဆန်းဆန်းပြားပြား…
Echo စာအုပ်
Echo စာအုပ်ထွက်ပြီဆိုတော့၊ လာလာ မေးကြရဲ့။ ဘာအကြောင်းရေးထားတာတုန်းတဲ့။ စာအုပ်အကြောင်း ဆိုတော့..။ ဘယ်သူ့စာအုပ်တွေလဲ? ဘာတွေပါလဲ? တဲ့။ တစ်ယောက်ချင်းဖြေရတာ မောလို့ စာအုပ်မာတိကာရေးပေးလိုက်တယ်။ ဘာစာပေအမျိုးအစားလဲ? လို့ တော့ လာမမေးကြနဲ့။ ကျွန်တော်လည်း မသိဘူး။ ကျွန်တော်က ကန့်လန့်ဗီဇနဲ့ကောင်၊ စည်းမရှိဘောင်မရှိနေတဲ့ကောင်၊ ထင်ရာမြင်ရာရေးတတ်တဲ့ ဂေါက်တောက်တောက်ရယ်။ ကိုယ်ရေး ခဲ့တဲ့ စာအုပ်တွေပြန်ကြည့်တော့ တစ်အုပ်နဲ့တစ်အုပ် တစ်လိုင်းတည်းမသွားဘူးပဲ။ ဒီတစ်အုပ်တစ်မျိုး နောက်တစ်အုပ်တစ်ဖုံရယ်။ အဲ့တော့ ဖတ်သာကြည့်ကြတော့ အမျိုးတို့။ (၃၉)ပုဒ်ကိုမှ…
၂၀၁၆/၁၇ မိသားစုခရီးရှည်
ဘဝမှာ စိတ်ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့ ကာရှည်ကြီးကို ကျော်ဖြတ်ဖို့ 2016/17 Dec-Jan အတွင်းမှာ တမိသားစုလုံးကို ကားပေါ်တင်ပြီး ခရီးရှည်ကြီးထွက်ခဲ့ကြတယ်။ ရန်ကုန်ကနေ ကျောင်းကုန်း-ငသိုင်းချောင်းကိုကျော် ရခိုင်ရိုးမဖြတ်၊ ဂွကနဲ့ မနီးမဝေးမှာရှိတဲ့ ကမ်းသာယာမှာညအိပ်၊ အဲ့ဒီကနေ သံတွဲ။ နောက် မြောက်ဦး-ကျောက်တော်။ ပြီးတော့ အပြန်ခရီးမှာ အမ်းကနေ ရခိုင်ရိုးမကို အပေါ်ဘက်နားကပြန်ကျော်ပြီး ပဒါန်းကိုဖေါက်ထွက်၊ အဲ့ဒီကမှ တောင်ဘက်ကို စုန်ဆင်းလာလိုက်တာ ‘ဥသျှစ်ပင်’ရောက်တော့ အရှေ့ဘက်ချိုးလို့ ‘ပြည်’ကို ပြန်ဝင်ခဲ့တယ်။ ရခိုင်ကို တောင်ပိုင်းရော…
မနေ့က
မနေ့က ဆေးရုံမှာ ရက်ရှည်ကုသမှု ခံယူနေရတဲ့ ကျွန်တော့်ဆရာဆီ လူမမာ သတင်းသွားမေးခဲ့ဖြစ်တယ်။ ဆရာက “အေးကွာ.. ငါတို့ရဲဘော်တွေလည်း အိုနာမကျန်းတွေဖြစ်ကုန်ကြပြီ” လို့ ပြောရှာတယ်။ သူကြီးကလည်း “ပွဲတွေတက်လာတာတွေ့ရတဲ့ ကိုယ်တို့အရွယ်အတော်များများက တော့ လမ်းလျှောက်အကူ တုတ်ကောက်ကိုယ်စီနဲ့ ဖြစ်ကုန်ကြပြီ” လို့ ဆိုတယ်။ အိမ်ထဲက အိမ်ပြင် မထွက်နိုင်တဲ့ ကျွန်တော့်မှာတော့ တုတ်ကောက်မကိုင်ရပေမယ့် ကိုယ့်လည်ပင်း ကိုယ် တကိုင်ကိုင်နဲ့ပေါ့။ ဘာဖြစ်ဖြစ် ၊ ငါတို့ အဖိုးကြီးတွေမှာ ငါတို့အဖိုးကြီးတွေပဲရှိတော့တာမို့…
Oct 16
နယ်မြို့သိမ်မြို့မွှားလေးမှာ ကြီးပျင်းလာခဲ့ရတဲ့ စာရူးပေရူး ကဗျာရူး တောသားလေးကျွန်တော်ဟာ၊ အမေဆိုပြတဲ့ “လူလေးရယ်ငို .. ခိုဖမ်းလို့ပေး.. ခိုဖြူခိုပြာနက်ကယ် .. ဖမ်းခက်လှသေး”ကို နားယဉ်ခဲ့တယ်။ “ဝါဆိုဝါခေါင်ရေတွေကြီးလို့ သပြေသီးမှည့်ကောက်စို့ကွယ်၊ ခရာဆူးခြုံ ဟိုအထဲက မျှော့နက်မည်းကြီးတွယ်တတ်တယ်” “လှော်လှော် လှေကိုလှော် မြစ်ကို စုန်ဆင်း မည်.. လှော်ကြ လှော်ကြ လှော်ကြ မြစ်ကိုစုန်ဆင်းမည်” လို ကဗျာတေးတွေနဲ့ မူလတန်းအရွယ် ကျောင်းတက်လမ်းမှာ မိုးရေတွေထဲ ပြေးလွှားအော်ဟစ်သီဆိုခဲ့ဖူးတယ်။ အလယ်တန်းလောက်ကတည်းက ကဗျာတွေစမ်းရေး/ရူးရေးနေပြီး…