Browsing Category Collage

ကျွန်တော်နှင့် နန္ဒ ၊   နန္ဒာများ

ကျွန်တော်နှင့် နန္ဒ ၊   နန္ဒာများ *******  ‘နန္ဒ’ ဟု ဆိုလျှင် ဆရာနန္ဒ၏ ‘သံနှင့်သွေး’  ‘ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီ” ‘မိုးယံသို့ချီ’ စာအုပ်များက မှတ်ဉာဏ်ထဲကနေ ကမန်းကတန်း ခေါင်ပြူထကြည့်လာကြသည်။ ကျွန်တော် အလွန်နှစ်သက်စွဲလန်းခဲ့သော စာအုပ်များဖြစ်၏။ နန္ဒာသိန်းဇံသည် နာမည်ကျော် ဒဿနိကပါမောက္ခနှင့်၊ စာရေးဆရာဖြစ်ပြီး ဟာသစာပေများနှင့် ထင်ရှားခဲ့သော ဆရာကြပ်ကလေး၏ ကလောင်ခွဲတစ်ခုမှာ ‘နန္ဒသူ’ ဖြစ်သည်။ ‘ရှင်နန္ဒမာလာ’ သည် ဘိုးတော်ဘုရားလက်ထက်က ထင်ရှားသည့် ကျမ်းပြုဆရာတော်တစ်ပါးဖြစ်ခဲ့ပြီး၊ ‘နန္ဒာပုလဲ”သည် ဆရာတက္ကသိုလ်နန္ဒမိတ်၏ အကျော်ကြားဆုံးဝတ္ထုတစ်ပုဒ်နာမည်ဖြစ်ကာ၊ ‘ကိုကို့နှမ မြနန္ဒာ’သည် ဆရာမကြီးကြည်အေး ၏ နာမည်ကျော်ဝတ္ထုတစ်ပုဒ်ဖြစ်ပြန်သည်။ ‘ငြိမ်းနန္ဒ’သည်…

Read More

“ဒဏ်ရာတွေ မသက်သာသေးဘူးဆရာကို”

ဖတ်မိတဲ့စာအုပ်တစ်အုပ်အပေါ် ကိုယ့်အမြင် ကိုယ့်ခံစားမှုလေးတွေကို ချရေးရာမှာ လုံးချင်းက (ကိုယ့်အတွက်) ပိုအဆင်ပြေတယ်။ အတိုတွေပေါင်းထားတဲ့ စာအုပ်မျိုးဆို တိုင်က ပတ်ချင်ရော။ ကိုယ်က လျှာရှည်ချင်တဲ့အမျိုးမို့ စာအုပ်ထဲပါတဲ့ တပုဒ်ချင်းစီကို ပြောရရင် ရှည်လံဒေးထမေဘန္တေ တွေဖြစ်ကုန်ရော။ စိတ်လာရာ တစ်ပုဒ်စီခွဲရေးရမလိုတွေဖြစ်ရော။  စာတိုလောက်သာ ဖတ်ချင်ကြ၊ ဖတ်ကြတော့တဲ့ ဖာစီဘုတ်ယဉ်ကျေးမှုမှာ အရှည်ကြီးတွေရေးရပြီး၊ ရေးထားပြီးမှ လူမဖတ်ရင်လည်း အလကား လက်ညောင်းအတွေးညောင်းတာပဲ အဖတ်တင်မှာကိုး။ ဒါ့ကြောင့် ဒီတစ်အုပ်အတွက် “ဒဏ်ရာတွေ သက်သာသွားပြီလား” ကို…

Read More

“အစ်ကို ညီပုလေး  ကြားလား ရင်ခုန်သံ”

ဆရာရဲသျှမ်း၏ ‘အစ်ကို ညီပုလေး” စာအုပ်ဖတ်ရသည်။  သူ့စာအုပ်ဖတ်ရချိန်တွင် ကိုညို( ညီပုလေး)ကို လွမ်းစိတ်ဖြစ်ရဆိုသည်ထက် ပိုသော ဝေဒနာကို ခံစားလိုက်ရသည်။ ကိုညို့ကို မချစ်သည့်သူများ ရှိပါလေဦးမည်လားဟုလည်း တွေးမိသည်။ ကျွန်တော်တို့ ဝန်းကျင်မှ ရဲဘော်များ၊ မိတ်ဆွေများ ၊ သူငယ်ချင်းများ မည်သူတစ်ဦးတစ်ယောက်ထံကမှ ကိုညို့ကို မုန်းတီးကြောင်း၊ သဘောမကျကြောင်းပြောဆိုသည်ကို မည်သည့်အခါကမျှ မကြားရခဲ့ စဖူး။ ဤ စာအုပ်အတွက် ဆရာကျော်ရင်မြင့်က အမှာစာ ရေးသားသည်။  သူ့အမှာစာတွင် ၈၅…

Read More

မြန်မာ့ဆိုရိုး ဆက်ထုံးသီဖွဲ့

မီးပန်းပွင့်တုန်း တန်ဆောင်မုန်းမှာ၊ မီးရောင် လရောင် နေအရောင် ညအရောင် လွှမ်း၍မိုးထားတဲ့၊ ဇာတာတစ်စောင် လက်ဖွဲ့တစ်ထောင်ပေးအံ့။ ဆုပ်လျှင်စူး စားလျှင်ရူး၊ ဆုပ်သော် ဖရိုဖရဲ ကြဲသော် တထွေလုံးလုံးဖြစ်နေသည့် လူပု စိတ်တို ခွေးပုရန်လိုလေး၊ လိုလျှင်ကြံဆ နည်းလမ်းရပါစေ။ လိုတာမရ ရတာမလိုသည့် ဆန္ဒကိုမူ  လူ့အလို နတ်မလိုက်နိုင်ဟု ခိုလိုညည်းကြမည်သာ။ ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ်ပြောရလျှင် ရှေးထုံးလည်း မပယ်နှင့်၊ ဈေးသုံးလည်း မလွယ်နှင့်ကို သတိတရရှိဖို့ လိုပါမည်။  ပတ္တမြား ဆန်ကျိုး အဖိုးပြည်တန်ကြောင်းကို…

Read More

ကျွန်တော့်ဘဝထဲက နာရီများ

ကျွန်တော်တို့သည် အချိန်ကြည့်ရန်သက်သက် ဖန်တီးထားသော နာရီများစွာကိုပိုင်ဆိုင်နိုင်ကြပါသည်။               သို့သော် အချိန်များကိုတော့ မပိုင်ဆိုင်ပါ။ မပိုင်ဆိုင်နိုင်ပါ။ ပိုင်ဆိုင်ခွင့်မရရှိခဲ့ကြပါ။             အချိန်များကို ဝယ်ယူစုဆောင်း၍မရနိုင်သလို ပိုင်ဆိုင်ခွင့်လည်းမရှိ။ အချိန်များကို ရေတွက်စောင့်ကြည့်ရန်အသုံးပြုသည့် နာရီ များကိုတော့ကျွန်တော်တို့ပိုင်ဆိုင်ခဲ့ကြဖူးပါလိမ့်မည်။ ကျွန်တော့်ဘဝထဲက နာရီအချို့ကတော့အချိန်ကိုကြည့်ရန်သက်သက် မဟုတ်ပဲ၊ ဖြတ်သန်းလာခဲ့ရဖူးသော ကိုယ့်ဘဝကို ကိုယ်ပြန်ကြည့်ရန် (သို့မဟုတ်) ပြန်လွမ်း တ,သရန် ဖလင်လိပ်များ  ဖြစ်နေတတ်သေးကြောင်း ကျွန်တော်မေ့လျော့နေခဲ့သည်။ နာရီများအကြောင်း ပြန်တွေးမိ၊သတိရမိတိုင်း ကျော်လွန်ခဲ့ပြီးဖြစ်သော ဘဝမှတ်တိုင်များ တဖြတ်ဖြတ် ခုန်ကာ သက်ဝင်လှုပ်ရှားလာတတ်၏။ နာရီများသည် ကျွန်တော့်အတွက် အတိတ်ဆီသို့…

Read More

အသံ၊ သင်္ကေတနှင့် တပ်ဆင်ထားသောအလင်း (သို့မဟုတ်) တစ်စုံတရာ

အခန်း(၁)/ အသံ မှတ်ချက်။          ။   ကျုပ်မှာ နှလုံးသားတစ်ခု  ရှိတယ်။                                 ခင်ဗျားမှာ  နှလုံးသားတစ်ခု  ရှိတယ်။                                  အဲဒီနှစ်ခုကို အပေါ်က လေးထောင့် သေတ္တာထဲမှာ ထည့်ထားတယ်။                                                                         မင်းခိုက်စိုးစန်                                                                           (၁၉၉၆)             ထိုအရာသည်၊ အမှန်ပင်၊ ကဗျာတစ်ပုဒ်ဖြစ်၏။       ထိုကဗျာ၏၊ အစိတ်အပိုင်း၊ အားလုံးသည်၊ ကျွန်တော့်မျက်လုံးများ၊ အတွင်းသို့၊ အရှိန်ဖြင့်၊ ပြေးဝင်လာကာ၊ နားစည်များကို၊ အပြင်းအထန်၊ ထုနှက်၊ ရိုက်ပုတ်ကြ၏။ အံ့ဩချိန်မရခင်မှာပင်၊ နားစည်များတွင်၊ အသံများစွာ၊ ကြားနေရကြောင်း၊  ဦးနှောက်မှ၊ ပေးပို့လိုက်သော၊ ကေုးနန်းတစ်စောင်၊ လက်ခံရရှိလိုက်သည်။ ထိုအသံများ၏၊ စကားဝှက်ကို၊ ဘာသာပြန်ကြည့်သောအခါ၊…

Read More

ဦးပိန်ကိုလွမ်းတဲ့စိတ်နဲ့နွေနေပူထဲလမ်းလျှောက်တဲ့အခါဦးပိန်သီဆိုပြတဲ့ “တောင်သမန်”ရဲ့သီချင်း

သက်တမ်းရင့်ရော် ခြင်းသည် ဇရာနှင့်အတူ ထည်ဝါ ခန်းနားသော အလှတရားများကို လည်း သယ်ဆောင်ပေးလာ၏။                    နေပူ၊ လေပြင်း၊ မိုးနှင့် နှင်းများထဲ နှစ်ပေါင်းရာချီအောင် နေထိုင်လာခဲ့သော ဦးပိန်တံတား သည်လည်းကောင်း၊ ထိုတံတားကို သူ့ရင်တွင် ကျစ်ကျစ်ပါအောင် ပွေ့ဖက်ထားသောတောင်သမန်အင်း သည်လည်းကောင်း သဘာဝက ပေးထားသော လက်ဆောင်များ ကိုထိုက်တန်စွာရရှိထားကြသည်။                     သံမဏိသက်ရှည်စွာ ဖြတ်သန်းလာခဲ့သောအချိန်တိုင်းသည် သူ့တို့သမိုင်းဖြစ်ကြောင်း သတိရကြပါစို့။   ယောင်မှား မေ့ ရော့ လိုက်မိကြမှာစိုးရိမ်၏။   သူ့ကျောကုန်းပေါ် တွင် လူဘယ်နှစ်ယောက်ဖြတ် လျှောက်ခဲ့ဖူးပြီလဲ။  မိသားစုပေါင်း ဘယ်နှစ်ယောက် မျိုးဆက်ပေါင်း ဘယ်လောက်ကို သူထမင်းကျွေးခဲ့ ပညာသင်ပေးခဲ့၊ ခိုလှုံရာနေရာ ပေးခဲ့ဖူးပြီ လဲ၊ တရားဓမ္မရွတ်ဖတ်သံ ဘယ်နှစ်ပိုဒ်ကိုသူကြားနာခဲ့ပြီးပြီလဲ။     စာရင်းအင်းပညာရှင်များ ခဏလာပါ။ ထိုကိန်းဂဏန်း များပြုစုရင်း မဝေးသေးသည့် သမိုင်းတစ်ခုကို တူးဖေါ်ကြည့်ကြရ အောင်။ (ပိုပြည့်စုံချင်လျှင် အရက်နှင့်ထန်းရည်ဂါလံပေါင်း မည်မျှရောင်းချပြီးခဲ့ကြောင်းနှင့် တောင်သမန်ရေပြင်အောက်မှ ရေသတ္တဝါ တန်ချိန် မည်မျှတို့ အမြည်း ဖြစ်ခဲ့ဖူးကြောင်း စာရင်း ကောက်ယူ ထားနိုင်ပါသည်။ )      ဤနေရာ၊ထိုဝန်းကျင်၌ ရာသီအလိုက် အချိန်နာရီအလိုက် ပြောင်းလဲတတ် သောထင်ရှားသည့် အလှတရား များ ရှိသည်ကို ရဲရဲယုံပါ။     မိုးတိမ် တောင်တို့ ညို့နေသော တောင်သမန်ကို မြင်ဖူးချင် သည်။ ဓါတ်ပုံဆရာများသည်ခြေခင်းလက်ခင်းသာသည့် ရိုက်ကွင်းရိုက် ကွက် ကောင်းသည့် ရာသီချိန်မျိုးကို သာရွေးရိုက်လေ့ရှိသည်ထင် သည်။     မြင်ဖူးသည့်ပုံ အ များစုတွင် ဦးပိန်သည် အင်္ကျီ မပါတတ်။     သူ့ကြည့်ရသည်မှာနွေပူပူတွင် ရေချိုးဆိပ်ဆင်းခါနီး အဖိုးအို တစ်ယောက်ကို မြင်ရသလိုမျိုး။ နံရိုးများ အပြိုင်းပြိုင်း ထင်ရှားစွာတွေ့ နေရတတ်သည်။ သူ့ကျောရိုး တစ်ချောင်းကိုသာ နင်းလိုသူ နင်းသွားကြတော့ဟု အမြဲခင်း ပေးထားတတ်သူမှာလည်း ထိုဦးပိန်ပင်ဖြစ်၏။ “အနာဂတ်ဘုရားအတွက်  ခန္ဓာကိုယ် တံတားထိုး  ရိုကျိုးပူဇော်ခဲ့ပါသည်”                      လွန်ခဲ့သော နှစ် သုံးဆယ်ခန့်က ဘုန်းနွယ်လင်း ( ကိုသန်းလင်း) ရေးခဲ့သောကဗျာတစ်ပုဒ်သည် ဦးပိန်၏ဆိုနေကျသီချင်းနှင့် ပြင်းပြသောဆန္ဒဖြစ်ကြောင်း ကျွန်တော်သက်သေခံပါမည်။     ခင်းထားသော သူ့ ကျောပေါ်မှ နေ့နေ့ညညအမြဲ လျှောက်သွားတတ်သူတစ်ချို့ မှာ ဘဝပိန်ပိန် ဝမ်းပိန်ပိန် လူ များဖြစ်ကြသည်။ သူ့ကျောပေါ် မှာဘဝကိုရှာဖွေနေသူများ ရှိသလို သူ့ ရင်ဘတ်အောက် မှာလည်း ဘဝ ကို ရှာဖွေနေသူ များရှိနေသေးသည် မှာအသေချာပင် ဖြစ်ပါသည်၊တစ်ခါ တစ်ရံတစ်ချောင်း ကိုတစ်ချောင်းထောက်ကူဖေးမ ထားရသော သူ့ နံရိုးများအောက် တွင် နွေငါး ကောက်သူကလေး များ တွေ့ရတတ်သေးသည်။     ငှက်ဟု ခေါ်ကြသော သမ္မာန်လေးများနွေရာသီတွင် ဘယ်ဆီသွားနားနေတတ် ကြပါသလဲ။ တစ်ခါကရေစပ်စပ်သာ ကျန်သော ဦးပိန်ခြေရင်း တွင်ဝပ်စင်းနေသော ငှက်ခတ် သူများကိုတွေ့ဖူး၏။     ဦးပိန်နှင့်ငှက်များ သည်တစ်ရွာတည်းသားများ သာဖြစ်ကြောင်းတုံးမောင်းခေါက်သံ များက ပြောပြကြလိမ့်မည်။     မယ်ဇယ်ပင်တော တွင် ငှက်သမားတို့၏ကမ္မည်း ကျောက်စာမရှိ၊အထိမ်းအမှတ် သစ်ပင်မရှိ။…

Read More

ကျောက်ခဲများအကြောင်း

ကျောက်ခဲလေးတစ်လုံးအကြောင်းသိချင်လို့ ရှာဖတ်တော့ ခုလိုတွေ့ရပါတယ်။  ကျောက်တုံးများကို ကျောက်စက်ဝန်း (rock cycle) ဟုခေါ်သော ဘူမိဗေဒဆိုင်ရာ လုပ်ငန်းစဉ် (geological process) ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး နှစ်သန်းပေါင်းများစွာ ကြာသောထိုဖြစ်စဉ်တွင် ကျောက်အမျိုးအစားတစ်ခုမှ အခြားကျောက်တစ်မျိုးအဖြစ်သို့ ပြောင်းလဲခြင်းလည်း ပါဝင်သည်။ ဤစက်ဝန်းအား ဘူမိဗေဒ၊ ဓာတု နှင့် ရုပ်ပိုင်းဆိုင်ရာ စွမ်းအား များ အပါအဝင် အမျိုးမျိုးသော သဘာဝ စွမ်းအားများနှင့် လုပ်ငန်းစဉ်များဖြင့် မောင်းနှင်ပါ သည်။  ကျောက်တုံးများ မည်သို့ဖွဲ့စည်းပုံကို အသေးစိတ် လေ့လာကြည့်လျှင်၊ ကျောက်များ သည် နှစ်သန်းပေါင်းများစွာ သို့မဟုတ်…

Read More

ကြော်ငြာတောမှာ တစ်ဘဝစာ ကူးခတ်နေကြရသူများ

ကြော်ငြာဆိုတာ ကျော်ကြားအောင် ထုတ်ဖေါ်ပြောပြတာမဟုတ်လား။             မြန်မာအဘိဓာန်ထဲမှာတော့ဖြင့် –             ကြော်၁ ၊ ကြိ- ဟစ်အော်သည်။ ~ငြာ၊              ကြိ-၁၊ အော်ဟစ်သည်။ ၂၊ သတင်းစကား စသည်ကို လူအများကြားသိအောင်လုပ်သည်။             န- အများသိအောင်လုပ်သော အရေးအသား စသည်။ “ဆေး ~။ ရုပ်ရှင် ~ ။ ဆိုပြီးသွန်သင်ထားတာတွေ့ရတာပဲ။ လွယ်လွယ်ပြောရရင်တော့ ကိုယ့်ဟာကို အများသိအောင် လူထူထူမှာ အော်ဟစ်ပြောဆိုပြီး သတိမူမိအောင် လုပ်ကြတဲ့သဘောသဘာဝပဲ။ မြန်မာစကားက ခပ်ရှုတ်ရှုတ်ဆိုတော့ “ကြော်ငြာ” နဲ့ “ကြေညာ”ကြား တိုင်လည်း အပတ်များခဲ့ကြသေး။…

Read More

ဦးဘသက်ရဲ့မှတ်ပုံတင်

Author: lubo601 |  9:20 PM |  No မှတ်ချက် |  by Nyein Aye Eain on Wednesday, August 17, 2011 at 7:23am             အရေးတကြီး ကိစ္စတစ်ခုဖြင့် နက်ဖြန်မနက်တွင်သွားရမည့် ခရီးစဉ်တစ်ခုအားဖျက်လိုက်ရသည့်အချိန်ကျမှ မှတ်ပုံတင်တစ်ခု၏ အရေးပါမှုကိုကျွန်တော်အသိအမှတ်ပြုလိုက်ရပါသည်။             ခါးပိုက် အနှိုက်ခံရသည်လား၊ ကျပျောက်သည်လား အကြောင်းရှာမရသော်လည်း ကျွန်တော့်မှတ်ပုံတင်ပျောက်ဆုံးခဲ့ သည်မှာ တော့ သေချာပါသည်။ပြည်တွင်းခရီးစဉ်ပင်ဖြစ်သော်လည်း သွားရမည်က တစ်နံတစ်လျား။ ယဉ်ရထား လက်မှတ်ဝယ်ယူရေး၊ ရောက်ရာ အရပ်တွင် တည်းခိုရေးအတွက်မှတ်ပုံတင်သည် အသက်ဖြစ်၏။ သူမရှိလျှင် ဘာမျှလုပ်မရတော့။             မည်မျှပင် အရေးကြီးသည့်ကိစ္စဖြစ်ပါစေ ခရီးစဉ်ဖျက်ပြီး လက်လျှော့လိုက်ရုံက လွဲ၍ ကျွန်တော့်မှာ အခြား ရွေးချယ်စရာမရှိ တော့ပါ။             မှတ်ပုံတင်ဟူသည်မှာ လူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု လိုပင် မရှိမဖြစ်အရာလား။             ဗင်းဆင့်ဗန်ဂိုးကို သတိရသည်။             သူ့မှာရော  မှတ်ပုံတင်ရှိရဲ့လား။             ရှိမည့်ပုံမပေါ်ပါ။ ရှိမည်ဆိုလျှင် သူ့မှတ်ပုံတင်သည် အဝါရောင်ဆေးများသာဖြစ်နိုင်ပါသည်။             နေချင်သည့်အချိန်တွင်နေ၍ သေချင်သည့်အချိန်တွင် သေဆုံးသွားသူတစ်ယောက်အား မှတ်ပုံတင်နှင့်ဆက်စပ်စဉ်းစားမိသည်မှာ အတော်ပင်ရုးမိုက်သော အတွေးဖြစ်၏။             သူ့စိတ်အဆာပြေစေဖို့ သူ့ကိုယ်ပိုင်နားရွက်ဖျား တစ်ဖက်ကိုဖြတ်ကာ ကောင်မလေးတစ်ယောက်ဆီ လက်ဆောင်ပို့ပေးခဲ့ဖူး သည်။ ရူးကြောင်ကြောင်လူတစ်ယောက်ဟု အများကသတ်မှတ်ထားသူတစ်ယောက်၏ စိတ်လွတ်လပ်မှုကို ယနေ့တိုင်ကျွန်တော်တို့ ပြောဆိုမပြီး နိုင်ကြသေးပါ။ ခန္ဓာကိုယ်မှ နားရွက်ဖျားတစ်ဖက်မရှိသော်လည်း အသက်ရှိသေး၏။ လုပ်ဆောင်ဖွယ်ရာများကို ပြေပြေ ပြစ်ပြစ်ဆောင်ရွက်နေနိုင်သေး၏။             သူ့မှတ်ပုံတင်ကတော့ မပျောက်ပါ။ စုတ်ပြဲသွားခြင်း (သို့မဟုတ်) ဆုတ်ဖြဲလိုက်ခြင်းသာ ဖြစ်ပါသည်။             သူရှိရာ မန္တလေးမြို့မှ တိုက်ပုလေးတစ်လုံးဆီရောက်သွား တုန်းကဖြစ်သည်။             အုတ်နံရံတွင်မြေဖြူနှင့်ရေးထား၏။                   “ ဆရာ့ထံ သူခိုးမလာပါနဲ့” . .တဲ့။                   (ဘယ်သူတွေ ဆရာ့ဆီက ဘာတွေခိုးယူသွားခဲ့ဘူးကြောင်း ကျွန်တော်တို့မသိနိုင်တော့၊။ အခိုးခံပစ္စည်းများထဲ လူ့တန်ဖိုးမပါစေဖို့ ဆုတောင်းပေးရုံသာ တတ်နိုင်ခဲ့ပါသည်။) ပန်းချီဆရာကြီး ဦးဘသက် …

Read More