Browsing Category Collage

ဦးဘသက်ရဲ့မှတ်ပုံတင်

Author: lubo601 |  9:20 PM |  No မှတ်ချက် |  by Nyein Aye Eain on Wednesday, August 17, 2011 at 7:23am             အရေးတကြီး ကိစ္စတစ်ခုဖြင့် နက်ဖြန်မနက်တွင်သွားရမည့် ခရီးစဉ်တစ်ခုအားဖျက်လိုက်ရသည့်အချိန်ကျမှ မှတ်ပုံတင်တစ်ခု၏ အရေးပါမှုကိုကျွန်တော်အသိအမှတ်ပြုလိုက်ရပါသည်။             ခါးပိုက် အနှိုက်ခံရသည်လား၊ ကျပျောက်သည်လား အကြောင်းရှာမရသော်လည်း ကျွန်တော့်မှတ်ပုံတင်ပျောက်ဆုံးခဲ့ သည်မှာ တော့ သေချာပါသည်။ပြည်တွင်းခရီးစဉ်ပင်ဖြစ်သော်လည်း သွားရမည်က တစ်နံတစ်လျား။ ယဉ်ရထား လက်မှတ်ဝယ်ယူရေး၊ ရောက်ရာ အရပ်တွင် တည်းခိုရေးအတွက်မှတ်ပုံတင်သည် အသက်ဖြစ်၏။ သူမရှိလျှင် ဘာမျှလုပ်မရတော့။             မည်မျှပင် အရေးကြီးသည့်ကိစ္စဖြစ်ပါစေ ခရီးစဉ်ဖျက်ပြီး လက်လျှော့လိုက်ရုံက လွဲ၍ ကျွန်တော့်မှာ အခြား ရွေးချယ်စရာမရှိ တော့ပါ။             မှတ်ပုံတင်ဟူသည်မှာ လူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု လိုပင် မရှိမဖြစ်အရာလား။             ဗင်းဆင့်ဗန်ဂိုးကို သတိရသည်။             သူ့မှာရော  မှတ်ပုံတင်ရှိရဲ့လား။             ရှိမည့်ပုံမပေါ်ပါ။ ရှိမည်ဆိုလျှင် သူ့မှတ်ပုံတင်သည် အဝါရောင်ဆေးများသာဖြစ်နိုင်ပါသည်။             နေချင်သည့်အချိန်တွင်နေ၍ သေချင်သည့်အချိန်တွင် သေဆုံးသွားသူတစ်ယောက်အား မှတ်ပုံတင်နှင့်ဆက်စပ်စဉ်းစားမိသည်မှာ အတော်ပင်ရုးမိုက်သော အတွေးဖြစ်၏။             သူ့စိတ်အဆာပြေစေဖို့ သူ့ကိုယ်ပိုင်နားရွက်ဖျား တစ်ဖက်ကိုဖြတ်ကာ ကောင်မလေးတစ်ယောက်ဆီ လက်ဆောင်ပို့ပေးခဲ့ဖူး သည်။ ရူးကြောင်ကြောင်လူတစ်ယောက်ဟု အများကသတ်မှတ်ထားသူတစ်ယောက်၏ စိတ်လွတ်လပ်မှုကို ယနေ့တိုင်ကျွန်တော်တို့ ပြောဆိုမပြီး နိုင်ကြသေးပါ။ ခန္ဓာကိုယ်မှ နားရွက်ဖျားတစ်ဖက်မရှိသော်လည်း အသက်ရှိသေး၏။ လုပ်ဆောင်ဖွယ်ရာများကို ပြေပြေ ပြစ်ပြစ်ဆောင်ရွက်နေနိုင်သေး၏။             သူ့မှတ်ပုံတင်ကတော့ မပျောက်ပါ။ စုတ်ပြဲသွားခြင်း (သို့မဟုတ်) ဆုတ်ဖြဲလိုက်ခြင်းသာ ဖြစ်ပါသည်။             သူရှိရာ မန္တလေးမြို့မှ တိုက်ပုလေးတစ်လုံးဆီရောက်သွား တုန်းကဖြစ်သည်။             အုတ်နံရံတွင်မြေဖြူနှင့်ရေးထား၏။                   “ ဆရာ့ထံ သူခိုးမလာပါနဲ့” . .တဲ့။                   (ဘယ်သူတွေ ဆရာ့ဆီက ဘာတွေခိုးယူသွားခဲ့ဘူးကြောင်း ကျွန်တော်တို့မသိနိုင်တော့၊။ အခိုးခံပစ္စည်းများထဲ လူ့တန်ဖိုးမပါစေဖို့ ဆုတောင်းပေးရုံသာ တတ်နိုင်ခဲ့ပါသည်။) ပန်းချီဆရာကြီး ဦးဘသက် …

Read More

လွမ်းနေသောဝါကျများသည်အချစ်သီချင်းကိုသီဆို၏

“”ဤဝတ္ထုသည် ဇာတ်အိမ်ဇာတ်လမ်းတို့ဖြင့် ခန်းခန်းနားနားဖွဲ့ဆိုထားသော ဝတ္ထုတစ်ပုဒ်မဟုတ်ပါ။             အချစ်ပြီးလျှင် အချစ်သာရှိသော ချစ်သူနှစ်ဦးတည်းပိုင် တစ်နေရာလေးဆီသို့ သွားကြသည့်ခရီး၌ ကိုယ်က စူးစူးနစ်နစ်ချစ်ရခြင်း။ ကိုယ့်အား သည်းသည်းထန်ထန် အချစ်ခံရခြင်းတို့ကြောင့် ကွဲကြေသွားခဲ့ကြရသော ဘဝအစိတ်အပိုင်းများကို ဝါကျများဖြင့် ဖြန့်ကြဲ ခင်းကျင်း ပြသထားခြင်းသာဖြစ်ပါသည်။”” ***             အကယ်၍ ကျွန်တော်သည် အချစ်ဝထ္ထုရေးဖွဲ့သူတစ်ဦးဖြစ်ခဲ့လျှင် ကျွန်တော့်အကြောင်းရေးထားသည့် ဇာတ်လမ်းတစ်ပုဒ်ကို ဤသို့သော ကြေကြေကွဲကွဲဝါကျများဖြင့် စတင်ရေးသားဖြစ်မည်လော မပြောတတ်ပါ။             လောလောဆယ်တွင်တော့ ကျွန်တော့်အာရုံသည် မြူနှင်းထဲတွင် ပိတ်လှောင်ခံနေရပြီး.. နွေဦးမြူများ ဖြင့် ပိတ်ဆီးနေသော မနက်ခင်းသည် ကျွန်တော့်အတွေးထဲတွင် ဝဲလှည့်ပျံသန်းလျက်ရှိသည်။ မြူငွေ့များနှင့်အတူ အစောဆုံးပွင့်သော ကံ့ကော်ဦးတို့လည်း ထိုအတွေးထဲတွင်ပါ၏။ ထိုသို့သော မနက်ခင်းတစ်ခုတွင် ချစ်သူကို ကံ့ကော်ပွင့်ဦးများ လက်ဆောင်ပေးဖြစ်ခဲ့သေးသည်ထင်သည်။ နေရောင်နွေးနွေးနှင့် အေးစိမ့်သောလေတို့ ချစ်ကြည်နေကြ သော နွေမနက်ခင်းတွင် ချစ်သူကိုသတိရခြင်းသည် ကျွန်တော့်အတွက် သီချင်းဖြစ်၏။             ထိုသီချင်းကို ကျွန်တော် ဤသို့သီဆိုခဲ့သည်။             မဲမှောင်သောကတ္တရာလမ်းသည် ကံ့ကော်ပန်းကြွေတို့ဖြင့် လင်းထိန်နေ၏။             ထိုနံနက်ခင်းကို မြူ(သို့မဟုတ်) နှင်းမှုန်မှုန်ကာဆီးနေသည်။ ချစ်သူလာမည့်လမ်းသည် ကံ့ကော်ဝတ်မှုန် နှင့် နေခြည်နုတို့ဖြင့် ပေလူးစွတ်စိုနေသည်။ အမှောင်နှင့်အလင်းသည်ပင် ဤနံနက်ခင်းဖြစ်၏။ ဝိုးတဝါးမြင်ကွင်း သည်ပင် ကျွန်တော့်၏ ရင်ခုန်ခြင်းဖြစ်၏။ နေရောင်ကို ကျောပေး၍ ကျောင်းထဲသို့ ချစ်သူ ဝင်ရောက်လာပြီ။             လေပြည်နုအသော့တွင် ရှည်လျားသောဆံနွယ်တို့ မော့မော့ပြေပြေလှုပ်ဆော့နေကြသည်။ ချစ်သူသည် နေခြည်နွေးနွေးတွေ ပေလူးနေသော ဝတ်မှုန်တို့၏ကျောပေါ်မှ ဖြတ်လျှောက်လာနေရ၍ ထင်သည်၊ သူ့ခြေလှမ်းတို့ ညင်သာကြွရွလှ၏။ ထိုမြင်ကွင်းကို အတူကြည့်နေသောသူငယ်ချင်း၏နှုတ်မှ စကားတစ်စု ကြွေကျလာသည်။                   “ဒါ့ဟာ ..ကဗျာတစ်ပုဒ်ပဲ”             ကျွန်တော် သူ့ကိုပြန်ပြောလိုက်သော စကားမှာ …                   “ဟုတ်တယ်၊ ဒါကဗျာပဲ” ဟုဖြစ်သည်။ ***             ထိုအချိန်က ကျွန်တော့်အတွက် အချစ်သည် ကဗျာဖြစ်၏။             ထိုကဗျာသည်ပင် သီချင်းဖြစ်ကာ အနှီသီချင်းကို ကျွန်တော် နှစ်နှစ်သက်သက်သီဆို၏။ ကျွန်တော့်သီချင်းသံများကို ချစ်သူကြား ခဲ့မည်လား။ ထိုနံနက်ခင်း၏ နှင်းတို့သည် သံစဉ်တေးသွားဖြစ်ခဲ့သည်လား။ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေသော ပြောင်းလဲခြင်းတရားတို့ အလယ်တွင် ကျွန်တော့်ခံစားမှုတို့သည်အပိုင်းပိုင်းပြတ်နေသော မှတ်တမ်းရုပ်ရှင် ဖလင်တစ်လိပ် ဖြစ်ခဲ့ပြီ။ မည်သည့် ပြစက်ကို အသုံးပြု၍ ကုန်လွန်ခဲ့သော အတိတ်ကို ကျွန်တော်ပြန်လည်ပုံဖေါ်ရပါမည်နည်း။             အရာရာသည် လှုပ်ရှားပြောင်းလဲနေသော်လည်း ကဗျာသည် သံသရာတည်းဟူသော နံသာဖြူပန်းပျောက် သေတ္တာထဲတွင် ထာဝစဉ်ရှိ၏။ သံဂဟေဆော်သော ဂေါက်တံမှ အပြာရောင်မီးပန်းပွားများ လွင့်စင်ဖြာထွက်သွားပုံ နှင့်တူသောသူ့အပြုံးကို ကျွန်တော် သောက်သုံးမျိုချလိုက်သည်။ ဝိုးဝါးမှုန်ရီသော ဟုတ်ယောင်ထင်မှုနှင့်တောက်ပ စူးရှသောဖြစ်ရပ်မှန် ဘဝ၏စပ်ကြား၊ အလင်းနှစ်တစ်သန်း အကွာအဝေးအပိုင်းအခြားအတွင်းမှာ၊ အပြာရောင် မီးပန်းပွားများ လွင့်စင်ဖြာထွက်နေ၏။ ဆေးပြာသုတ်ထားသော သစ်သားအိမ်လေး တစ်လုံး၊ မန်ကျည်းပင်ရိပ်မှ ဝါးကွပ်ပျစ်၊ ရေချိုတွင်း တစ်တွင်းနှင့် သစ်ခွပန်းရုံတစ်ရုံ၊ ဗေဒါလမ်း၊ ဗော်ဒီလဲ၊ ကပ်(ဖ)ကာနှင့် ဂျိုက်(စ)၊ ဒေါ့စကိုယက်စကီးနှင့် သစ်ချတောင်ဆရာတော်တို့၏ စာအုပ်များ၊ အောင်စိုး၏ ပန်းချီကားတစ်ချပ်နှင့် ဆေးကောင်းစွာစပ်ထားသော နွားဆေးပေါ့လိပ်တစ်လိပ်၊ အနည်းငယ်မျှသော ကျွနု်ပ်ဘဝလိုအင်များ ရေးမှတ်ထား သည့် စာရွက်သည်၊ အချိန်နှစ်ခု၏ကြား ဘယ်မှာ ကျပျောက်ခဲ့ပြီမသိတော့။။ နန်းတော်ရှေ့၏ကြာပင်အိုင်ကြီးအနီးမှာ မြူနှင်းများဝေနေသည်။ ဆရာငြိမ်း၏သီချင်းများကို သူဆို၏။အချိုသာဆုံး ဂီတသံတစ်သောင်းကို ပေါင်းစပ်လိုက်သောအခါ ပင်လုံးဝေဝေပွင့်သော ပိတောက်ပင် တစ်ပင်ဖြစ်လာသည်ကို ခံစားတတ်မှ သိလိမ့်မည်။ ချိုက်ကော့စကီး၏ကွန်ရှာတိုတေးကြီးတစ်ဘွဲ့သည် ကျဉ်းမြောင်းသောပညတ်နံရံများကို ကျော်လွန်သွား၏။ ဆန္ဒာန်အိုင်သာ မှာရွှေကြာတွေ ညီးလို့လင်းနေသည်။             ချိုင်ကော့စကီး၏တေးသွားများ ပညတ်နံရံကို ကျော်လွှားနေချိန်တွင် ကျွန်တော့်အတွေးများက အချိန်ကာလ သတ်မှတ်ချက်များ ကို ကျော်လွှားနေပါသည်။             ယုံပါ။             စိတ်ဖြင့် ငယ်ဘဝကိုပြန်သွားရသည့်ခရီးတွင် မည်သည့်ယဉ်မျှ စီးရန်မလိုအပ်ခဲ့ပါ။             ဆယ်ကျော်သက်တို့၏ လန်းဆန်းပျိုမြစ်မှုသည် တိမ်စင် နွေကောင်းကင်နှင့်တူ၏။             သူတို့ချစ်ခြင်းသည် သမုဒ္ဒရာတစ်စင်း၏ နက်ရှိုင်းခြင်းနှင့်တူ၏။             ဝန်းကျင်အရပ်ရပ်မှ တိုက်ခတ်လာသော လေတိုင်းတွင် ချစ်သူ၏ကိုယ်သင်းနံ့ကိုရနေ၏။ မြင်ကွင်းတွင် ထင်လာသမျှသည် ချစ်သူ့ပုံရိပ်ဖြစ်၏။             လူစည်သော ကားဂိတ်တွင် ကောင်လေးက သူ့ချစ်သူကိုစောင့်နေ။             ခတ်ဝေးဝေးလူအုပ်ထဲမှကောင်မလေးသည် ချစ်သူကောင်လေးရှိရာ လှမ်းလာ။             ကောင်လေး၏နားအစုံတွင် ပတ်ဝန်းကျင်ရှိ အသံဗလံပေါင်းစုံပျောက်ဆုံးသွား။…

Read More

ဗင်းဆင့် မပျော်ခဲ့တဲ့ ကမ္ဘာ

ကျွန်တော့်အတွက်ကတော့ ထူထဲလေးလံတဲ့အမှောင်ကို စောင်လိုခြုံထားရနဲ့ ညပါပဲ။              အနက်ရောင်မြူတွေက လူပေါ်ကို တလွင့်လွင့် ခုန်ချနေကြတယ်။              အဲဒီအခိုက်အတန့်မှာ ဟိုအဝေးကနေ တစတစနီးလာတဲ့ ညခြေသံတစ်ခုကို ကျွန်တော်ကြားလိုက်ရတယ်။             “ဖျပ်  ဖျပ်  ဖျပ်”             ကျွန်တော်က ခြေသံတွေကို အသက်အောင့်ပြီး နားထောင်နေရတယ်။ မြေပက်ကြားအက်တို့ ဆွဲဆွဲငင်ငင်အူနေကြသလို ခြေသံတွေကလဲ ဆွေးမြည့်ရှည်လျားလှတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ခြေသံတို့ တိတ်သွားတယ်။             ခြေသံရှင်ဟာ ကျွန်တော့်ရဲ့ မလှမ်းမကမ်းမှာ ရောက်နေပါပြီ။ အဖြူရောင်မီးခိုးတွေက သူ့ရှေ့မှာ ဒိုင်းလိုကာထားကြလို့ ကျွန်တော်ကြည့်ရတာ ဝေဝေဝါးဝါးဖြစ်နေပါတယ်။…

Read More

နေမျိုးကိုရေးသားခြင်း

“နီတိများ” အကြောင်းကို တွေးမိပြီး “မင်းလက်ဖျံမှာ ဆေးမင်ကြောင်ရုပ်တွေရှိသေးလား စိုးအောင်” လို့   အမေးတစ်ခွန်း  နှုတ်က ထွက်ကျသွားချိန်မှာ ဒါဟာ “ဝါကျဖြစ်သွားသော အက္ခရာများ” လားလို့ ကိုယ့်ဟာကိုယ် သံသယဖြစ်မိတယ်။              “အမြဲတမ်း တစ်ယောက်လို” နေသူတစ်ယောက်ဟာ “တစ်စုံတစ်ယောက်ကို သင်ချစ်တော့မည်ဆိုလျှင်”ရဲ့ နောက်ဆက်တွဲဖြစ်လာနိုင်ဖွယ်တွေကို တွေးဆရင်း၊ “ကမ္ဘာကြီးကို ဒီအတိုင်းထားခဲ့”ပြီး “စောင့်ပါ” လို့ နာမည်ထွင်းထိုးထားတဲ့ “တစ္ဆေသင်္ဘော”ပေါ်တက်လိုက်သွားခဲ့တယ်။              အဲဒီမှာ “မနေ့က မိုးရွာတယ် ကိုခင်အောင်အေး” အမည်ရ  “ ပို့စ်မော်ဒန်ရုပ်ရှင်” တစ်ကားကို သူ ကြည့်နေတယ်။  ဒါဟာ “အမှားအယွင်းများတဲ့နေ့”တစ်နေ့ဖြစ်နိုင်သလို “မင်းမဖတ်လိုက်ရတဲ့ကဗျာ” တစ်ပုဒ်လည်းဖြစ်နိုင်တာပါပဲ။             “ကျောက်တုံးများကို ဟောကိန်းထုတ်ခြင်း” ဟာ “တောက်တီးတောက်တဲ့ ” နိုင်ကောင်းနိုင်မယ်။              ဒါဟာ “မထွန်းကားခဲ့သော ဓလေ့ထုံးစံများ”သာဖြစ်တယ်။ “မနက်ဖြန်ကျရင်” “အတိတ်မှာနေသူ”ဟာ “ဆေးရုံ” ရဲ့  “ဖျားနာဆောင်(၃)”  ကုတင်လေးတစ်လုံးပေါ်ကနေ “လွမ်းစေတီ” ကုန်းပေါ်က “စာနာခြင်းသစ်ပင်” အကြောင်း တွေးကောင်းတွေးနေ နိုင်တယ်။              “လူတစ်ယောက်ရဲ့နေ့ရက်များ” ဟာ “အားလုံးကို ရွှေနှင့်လုပ်ထားသည်” အမည်ရှိ “ဂီတစိမ်း” တစ်ပုဒ်တော့ ဟုတ်ဟန်မတူ။ “ဖားပြုပ်” “နွားသိုး” “သူခိုးဗျို့ သူခိုး” ဆိုတာ  (နေမျိုး) ရေးခဲ့တဲ့…

Read More

တို့များအရွယ်ညောင်းခဲ့ရင်ကွယ်

ကျွန်တော်ချစ်ခင်လှတဲ့ မန္တလေးက စာရေးဆရာကြီးညိုထွန်းလူခေါ် ဘဒွေးညို  ရဲ့ ပို့စ်တစ်ခုကို ဖတ်ရတယ်။ အလိုကွယ် …  သူရို့ သူအိုဇနီးမောင်နှံနေထိုင်မှုက ချစ်စရာ လွမ်းစရာလေး။ သူက ဒီလိုရေးသဗျ။ **** ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့ပျော်ခဲ့ကြတယ်။   မဟုတ်သေးဘူး ပျော်ခဲ့တယ်လို့ထင်မိတယ်။ သူကလည်းအံ့သြစရာ။ လက်ဘက်ရည်ကြိုက်တယ်လေ။ ကျုပ်တို့နှစ်ယောက် လက်ဘက်ရည်ဆိုင်မှာထိုင် ခဲ့ရတဲ့နေ့ရက်တွေကို လွမ်းတောင် လွမ်းမိသွားတယ်။ အခု သူကမလိုက်နိုင်တော့ အပြန်မှာသူ့အတွက်လက်ဘက်ရည်ပါဆယ်တစ်ခွက် ဆွဲလာခဲ့ရတယ်။ ကျုပ်ကတော့ သွားနိုင်လာနိုင်တုန်းမို့တော်သေးရဲ့။ လက်ဘက်ရည်ဆိုင်မှာမိတ်ဆွေ နဲ့တွေ့လို့ စကားပြောဖြစ်လည်း နာရီဝက် ထက် ပိုမကြာဘူး။   အိမ်မှာတစ်ယောက်တည်းကျန်ခဲ့တဲ့သူ့ကို စိတ်မချဘူးဗျ။ ဇာတ်ခုံပေါ်မှာ လက်ဘက်ရည် ပါဆယ်ခွက်ကလေးဆွဲပြီး အိမ်ကိုပြန်လာတဲ့အဖိုးအို ဖြစ်တဲ့ ကျုပ်ကိုတွေ့လိုက်ရတယ်။ အိပ်ရာထဲ လှဲနေတဲ့ သူ့ကိုထူပြီး လက်ဘက်ရည်ကို ဖြေးဖြေးချင်း တိုက်လိုက်တယ်။ အမယ်အိုက လက်ဘက်ရည်သောက်ပြီးရင် ကုတင်ပေါ်မှာ ခြေတွဲလောင်းချထိုင်ပြီး ကျုပ်နဲ့ခဏတဖြုတ် စကားပြောလေ့ရှိတယ်။ကျုပ်ကသူ့လောက် သတိမကောင်းဘူး။ မေ့လျော့တာတွေ များလာပြီ။ သူက မနက်ခင်းမှာ သောက်ရမယ့် ဆေးတွေကို သောက်ပြီးပြီလားတဲ့။ ည၁၁နာရီထိုးရင်အိပ်တော့တဲ့။ ကျုပ်မအိပ်နိုင်သေးရင် ကျုပ်ရှိတဲ့နေရာကို ရောက်လာတတ်လို့ အိပ်ချင်ယောင်ဆောင်နေလိုက်ရသေးတယ်။ တကယ်တော့ ဒါတွေက ဘဝဇာတ်ခုံပေါ်မှာဖြတ်လျှောက်ကဏ္ဍ နည်းပါးလာခဲ့တဲ့ ကျုပ်တို့နှစ်ယောက်ရဲ့နေ့စဉ်တွေ့နေရမယ့် မပီဝိုးတဝါး မြင်ကွင်းတွေပါ။ ***** သူ့စာကို ဖတ်မိလိုက်တာနဲ့ ချက်ချင်းပဲ ကျွန်တော့် အတွေးမြင်ကွင်းတွေလည်း မှုန်ဝါးသွားလေရဲ့၊ ပြီးတော့ နှင်းထူထူထုကို ခွဲထွက်လာတဲ့ နေရောင်နုနုလေးလို မှတ်ဉာဏ်ထဲ အလင်းပြပြရောက်လာတယ်။ လူအိုနှစ်ယောက်…

Read More

အိပ်မက် လက်ဘက်ရည်ဆိုင်

စည်းကမ်းကန့်သတ်ချက်တွေနဲ့ ထူးဆန်းသောအိပ်မက်တစ်ခုထဲမှာ မိန်းမချောတစ်သိုက်နဲ့ ငါပါကွာ၊ ဒုက္ခရောက်လိုက်တာ။ အိပ်မက်  မက်စေတတ်သော အကြောင်းရင်းများဆိုပြီး အိပ်မက်ကျမ်းတွေမှာတော့ အကျယ်တဝင့်ရှင်းပြထားတတ်တာပဲ။ စိတ်ပညာ စာအုပ်တွေမှာလည်း ဖေါ်ပြထားတာပဲ။ ဘာတွေလဲ မမှတ်မိတော့ဘူး။ ကိုယ်ထင်တာကတော့ ကမ္ဘာ့ဟိုး အောက်နားဆီက အောင်းနေတဲ့ချော်ရည်ပူတွေ တိုက်ဆိုင်တဲ့ကာလတစ်ခုမှာ မီးတောင်ဝကို ပြေးတက် လာတာမျိုးလားလို့။ မသိစိတ်ထဲမှာ ကိုယ်မသိလိုက်ပဲ သိမ်းထားတဲ့ ဒေတာတွေ တစ်ချိန်ချိန်မှာ ထွက်ကျလာသလိုမျိုးနေမှာပ။ ညက ဘာမှလည်း စိတ်စွဲမရှိခဲ့ပါဘူး။ စွဲမယ့်စွဲ အနားသတ်လုပ်လက်စ/ချောလက်စ ‘ကျောက်ခဲ’ Collage project သေးသေးလေးပဲရှိတာ။ ကိုယ့်အနာ၊ကိုယ့်ဝေဒနာနဲ့ကိုယ် နပမ်းသတ်ပြီး ပျော်အောင် မနည်းအိပ်လိုက်ရတာ။ အိပ်ပျော်တော့ အိပ်မက် မက်ကရော။ အိပ်မက်ထဲမှာ ပုဂံကိုရောက်နေတယ်။ ဟိုတယ်ကြီးတစ်ခုရဲ့ ဘန်ဂလိုတစ်ခု ဝရံတာမှာ ကျောက်ခဲသေးသေးလေးတွေကို ဓာတ်ပုံရိုက်ပြီး လက်ပတော့ထဲထည့်နေတာ။ ကိုယ်နဲ့ကပ်နေတဲ့ ဘန်ဂလိုရှေ့က မြက်ခင်းသေးလေးပေါ်မှာ မိန်းမတစ်စု၊ ပါတီလုပ်နေလား၊ မုန့်လုပ်စားနေကြလားမသိ။ ရုန်းစုရုန်းစု ပူညံဆူညံနဲ့။ သူတို့လုပ်နေတာ ဟန်ဘာဂါ။ သူတို့ ဟန်ဘာဂါက တစ်မျိုးကြီးရယ်။ ပေါင်မုန့်ထဲ ချိစ်ပြားထည့်၊ အဲ့ဒီအပေါ် နို့ဆီဆမ်း၊ ပြီးမှ သရက်သီးမှည့်နဲ့ သီဟိုဋ်စေ့ဖေါက်ဖေါက်ကြီးတွေဌာပနာပြီး ဆော့ရဲရဲတွေလူးထားတဲ့ ဆလပ်ရွက်ဖားဖားကြီးတွေ အုပ်ထားတာမျိုးတဲ့။ သေချာကြည့်လေ၊ ဆန်းကျယ်လေ။ မုန့်ဆန်းကြီးပါကွာ။ သူတို့ပါတီပွဲက အသားကင်နဲ့ ဝိုင်နဲ့မဟုတ်ဘူး။ ထိုင်းလက်ဘက်ရည်ဘူးတွေနဲ့ ဘာဂါနဲ့။ မသိရင် ထိုင်းလက်ဘက်ရည်ဆိုင် ကြီးများ ရွှေ့ယူလာသလားမှတ်ရ။ ဘယ်သူတွေလဲ ကြည့်လိုက်တော့၊ ကြီးဒေါ်မနော်ဟရီ  ဦးဆောင်တဲ့ သူတွေတဲ့။ ခင်မေဝှမ်းမျက်နှာက ဝက်ပျိုဝကစ်ကစ်လေးတစ်ကောင်လို့ ပြဲအစ်ဖေါင်းကား ဖြူဖွေးလို့။   ဒေါ်ရွှေရည်က သူ့မူပိုင် graceful smile ကြီး မျက်နှာမှာ ချိပ်လို့။ ဒေါ်အေးမြ က လူကိုကိုင်ပေါက်လိုက်ရင် ဘိုင်းကနည်းလဲသွားစေနိုင်တဲ့ ကျွဲကော်ကိုင်းထူထူမျက်မှန်ကြီးထမ်းလို့။ (ဒေါ်ရွှရည် Shwe Yee Win Lei နဲ့ ဒေါ်အေးမြ Aye Mya Mya Nyein  က အပြင်မှာ ကျွန်တော်နဲ့ တစ်ခါမှ မဆုံဖူးကြဘူး။ ဖဘ စာမျက်နှာမှာတက်တက်လာတဲ့ သူတို့ပုံတွေ ပို့စ်တွေကပဲ သိနှင့်ရတာ၊ သူတို့ သုံးယောက်ကတော့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ကြမယ်…

Read More

အငြိမ့်၊ ဇာတ်ပွဲများနဲ့လူ

စတိတ်ရှိုးအပြီးညမှာတော့ အောင်ပွဲအနေနဲ့ သောက်ကြစားကြ အောင်ပွဲခံဖြစ်ခဲ့ကြပါတယ်။                   အဲ့ဒီနေ့က မအိပ်ဖြစ်ကြတော့ဘူးထင်ပါရဲ့။ ဒါလည်း မှတ်ဉာဏ်မှာ ရေးရေးတေးတေးနဲ့လုံးထွေးနေပါတယ်။ နောက် တစ်ရက်မှာ အိမ်တွေမှာထမင်းဖိတ်ကျွေးပြီး နှုတ်ဆက်ပွဲ လုပ်ပေးပါတယ်။ ဒီရက်တွေအတွင်း မြို့ခံတွေနဲ့ အတော်ရင်းနှီးနေပြီ ဖြစ်တဲ့အပြင် တစ်စင်တည်း အတူဆိုခဲ့ကြသူမြို့ခံပျိုဖြူတွေနဲ့ လက်ပွန်းတတီးနေခဲ့ကြတဲ့ မောင်တွေတစ်ချို့ဟာ ရင်ခုန်သံတွေ ပိုးလိုးပက်လက်လန် နေကြပါပြီ။ နှုတ်ဆက်ကြ၊ အမှာစကားတွေချွေကြ၊ မေ့မသွားနဲ့နော်တွေ ဘာတွေဖြစ်ကြနဲ့၊  ထမင်းအဟာရထက် နှလုံးသား အဟာရ  တွေကို ပိုထည့်စားနေကြသလိုပါပဲ။                    သေချာတာကတော့ နောက်နေ့မနက်ပိုင်းမှာ စက်လှေနဲ့ ပြန်ပါတယ်။                   ဒီတစ်ခါက လာတုန်းကလို စင်းလုံးငှားလှေမဟုတ်တော့ပါဘူး။ နည်းနည်းပိုကြီးသလို ကျွန်တော်တို့ချည်း သီးသန့်လည်း မဟုတ်တော့ပါ။ ညကအငြိမ့်ပွဲက သဘင်သယ်တွေရယ်၊ ဆိုင်းဝိုင်းပစ္စည်းတွေရယ်ပါ ပါပါတယ်။ အခြား ခရီးသည်တော့ မပါပါ ဘူး။ ကြည့်ရတာ  အပြန်မှာမို့လို့နှစ်ဖွဲ့ပေါင်းထည့်လိုက်ပုံရပါတယ်။ လာတုန်းကထက်စာရင်နည်းနည်းနေရထိုင်ရကြပ်ပေမယ့် ကိုယ့်လူ တွေ ကတော့ ဒီလိုပေါင်းထည့်ပေးလိုက်တာကို မကျေမနပ် မဖြစ်တဲ့အပြင် ဆုလာဒ်ကြီးတစ်ခု ရလိုက်တယ်တောင် ထင်နေဦးမှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့လှေပေါ်တက်လာတဲ့ အငြိမ့်အဖွဲ့မှာ ခေါင်းဆောင်မင်းသမီးအပါ၊ အငြိမ့်သမတွေပါ ပါလာလို့ ပါပဲ။အိပ်ရေးပျက်ထားလို့ အိပ်သူတွေအိပ်ကြပေမယ့် မအိပ်သူတွေနဲ့ကိုယ့်အဖွဲ့စကားစမြည်နေကြသံဟာ လှေက အင်ဂျင်စက်သံ ထက်တောင် ပိုကျယ်သယောက်ပါပဲ။ ဒီလိုရင်းနဲ့ သိခဲ့ကြ၊  ဒီလိုရင်းနဲ့ ညိခဲ့ကြတာ၊ မြို့ပြန်ရောက်ပြီး အချိန် တော်တော်ကြာ တဲ့အထိ၊ အဲ့ဒီအငြိမ့်စင်ရှိရာ၊ သူတို့ ပွဲကရာမှန်သမျှနောက်ကို လိုက်ကြည့်ကြတဲ့ အဖွဲ့သားတွေလည်းရှိလာပါတယ်။ သူတို့နောက် အဖေါ် လိုက်ကြရတဲ့ ကျွန်တော်တို့မှာလည်း မျက်တွင်းဟောက်ပက် အရိုးဂေါက်ဂက်ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်သူတစ်ယောက်ကမှတော့ အငြိမ့် မင်းသမီးနဲ့ တစ်အိုးတစ်အိမ်ထူထောင်ဖို့ ဖူးစာမကြုံခဲ့ကြပါဘူး။                   တကယ်တော့ သူတို့ဟာ ‘မခင်ပျို”နဲ့ မဆုံဖူးခဲ့ကြလို့ဖြစ်မှာပါ။ တကယ်လို့များ ကြုံဆုံဖူးခဲ့ကြရင်၊ ခုလို အရူးအမူး ဖြစ်ခဲ့ဖူး ချစ်ခဲ့ဖူးကြရင် ကံကြမ္မာဟာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူက ပြောနိုင်မှာတဲ့လဲ။             ရွှေခြည်တွေ ပျပျမှိုင်း၍…

Read More

ပုံတွေကိုယ်၌က စာသားတွေဖြစ်နေကြတာ

Collage စာပေ ဖန်တီးမှုမှာ တွဲစပ် ဖေါ်ပြထားတဲ့ပုံတွေ ကိုယ်၌ကိုက စာသား (Text) တွေဖြစ်နေတတ်ကြပါတယ်။              သူတို့(ပုံတွေ)ဟာ စာတွေ ပိုရုပ်လုံးကြွလာစေဖို့အတွက် တန်ဆာဆင်ထားတဲ့ “သရုပ်ဖေါ်ပုံ” တွေသက်သက် မဟုတ်ကြပါဘူး။ သူတို့ (ပုံတွေ)  ကိုယ်တိုင် က။ ဒီဖန်တီးမှုထဲမှာ ‘စာသား/Text” အဖြစ်နဲ့ ပါဝင်နေကြတာပါ။ သူတို့ကိုပါ “ဖတ်”ရမှာ။ ကြည့်သွားပြီး ပစ်ထား ခဲ့ရမှာမဟုတ်ဘူး။ သူနဲ့အတူတွေးပြီး မျှယူခံစားကြရမှာ။             ပို့စ်မော်ဒန်ဆရာသမားတွေဟာ စာပေကိုရေးသားဖေါ်ထုတ်ကြရာမှာ ဘာသာစကား အက္ခရာတစ်ခုတည်းနဲ့ မလုံလောက်ဘူး ဆိုတဲ့အမြင်မျိုးကနေ ဖေါက်ထွက်ဖို့ ကြိုးစားကြရင်း Collage အမျိုးအစားစာပေကို…

Read More

Coffee collage

ဤ စာစုကို                    “ကျွန်တော့်ထံ ပျံသန်းရောက်ရှိလာသော သတိတရချစ်ခြင်းအနုပညာနှင့် ကော်ဖီအတူသောက်ကြရန် တစ်ခေါက်ပြန်လာဖို့ နှစ်ပေါင်းများစွာ မေ့လျော့နေသော သူမ၏ မေ့လျော့ခြင်းအနုပညာ” ဟူသော ရှည်လျားလှသည့် နာမည်ပေးလျှင် သင့်လျော်မည်လော။ ကျွန်တော့်အခန်းသည် စွဲမက်ဖွယ် ကော်ဖီရနံဖြင့် မွှေးပျံ့နေ၏။             ထိုရနံ့တို့ ထွန်းကားပြည်တည် နန်းစိုက်ရာမှာ ကျွန်တော့်အလုပ်စားပွဲပေါ်က ကီးဘုတ်လေးဘေးနားတွင်။             ကျွန်တော် ကော်ဖီတငုံသောက်၏။ ကော်ဖီနှင့်အတူ သတိရလွမ်းဆွတ်ခြင်းကိုလည်း တငုံသောက်မိ၏။ ထိုသောအခါ ကော်ဖီနံ့ သင်းပျံ့သော လွမ်းဆွတ်သတိရခြင်း အရသာသည် ကျွန်တော့်ကို ရီတီတီဖြစ်လာစေ၏။ ယစ်မူးလာစေ၏။…

Read More

၆၁ နှစ်တိုင်

ဒီလပိုင်းတွေမှာ ကဗျာတွေကို အာရုံကျ။ နှစ်သက်တဲ့ကဗျာတွေကို တမင်ပဲ Copy & Paste မလုပ်ပဲ ကျွန်တော့်လက်ရေးစာအုပ်ထဲမှာ ကူးထည့်နေမိတယ်။ ကဗျာပိုင်ရှင်တွေကို ဂုဏ်ပြုတဲ့သဘောရော၊ ကျွန်တော်တန်ဖိုးထားတဲ့ လက်ရေးစာအုပ်လေးထဲ ဒီကဗျာတွေကို နေရာတစ်ခု ပေးထားချင်တာရောပေါ့။ အခု ကူးရေးထားမိခဲ့တာ၊ ‘လူရောင်လွင်’ ရဲ့ “မမလီဆာ”၊ ‘စိမ်းခက်စိုး’ရဲ့ “မစ္စတာ ဆာဆာကာဝါ ဗမာစစ်တပ် စစ်ကြောရေးကို ရောက်ဖူးလား” နဲ့ မနေ့က နာမည်တအားကြီးနေတဲ့ လူဖတ်များ လူဖြန့်များနေတဲ့ ‘ဆန်းကျော်စွာဝင်း’…

Read More