ဒီလပိုင်းတွေမှာ ကဗျာတွေကို အာရုံကျ။ နှစ်သက်တဲ့ကဗျာတွေကို တမင်ပဲ Copy & Paste မလုပ်ပဲ ကျွန်တော့်လက်ရေးစာအုပ်ထဲမှာ ကူးထည့်နေမိတယ်။ ကဗျာပိုင်ရှင်တွေကို ဂုဏ်ပြုတဲ့သဘောရော၊ ကျွန်တော်တန်ဖိုးထားတဲ့ လက်ရေးစာအုပ်လေးထဲ ဒီကဗျာတွေကို နေရာတစ်ခု ပေးထားချင်တာရောပေါ့။ အခု ကူးရေးထားမိခဲ့တာ၊ ‘လူရောင်လွင်’ ရဲ့ “မမလီဆာ”၊ ‘စိမ်းခက်စိုး’ရဲ့ “မစ္စတာ ဆာဆာကာဝါ ဗမာစစ်တပ် စစ်ကြောရေးကို ရောက်ဖူးလား” နဲ့ မနေ့က နာမည်တအားကြီးနေတဲ့ လူဖတ်များ လူဖြန့်များနေတဲ့ ‘ဆန်းကျော်စွာဝင်း’…
Browsing Category Collage
Assorted Cake
ကိုယ့်စာကို ကိုယ် ပြန်တည်းရတယ်ဆိုတာ ကိုယ့်လျှာကို ကိုယ် ပြန်လှီးရသလို တော်တော်ကြီး နာကျင်ခံစားရပါတယ်။ ******* ကျွန်တော်တို့ဟာ ‘စာပေ ကင်ပေတိုင်ခေတ်’ လို့ ကျော်ကြားလှတဲ့ စာပေစိစစ်ရေးခေတ်အရှည်ကြီးကို ဖြတ်သန်းခဲ့ကြရ ဖူးသူတွေပေါ့။ အဲဒီခေတ်ကာလကတည်းက ကိုယ့်ကလောင်မှာ ကိုယ်တိုင် ဘရိတ်တွေတပ်ဆင်ရပါတယ်။ ကိုယ်ပြောချင်တဲ့စကားလေး ပြောဖြစ်ဖို့ အလင်္ကာ၊ နမိတ်ပုံ၊ အနက်ဝှက်၊ သင်္ကေတ၊ ထပ်ဆင့်အနက်တွေသုံးပြီး သိုက်စာဝှက်သလို ဝှက်ရေးကြရတဲ့အခါလည်း ရှိပါတယ်။ ကိုယ့်ရည်ရွယ်ရင်း ခရီးပန်းတိုင် မန်းကိုရောက်ဖို့ လားရှိုးကနေ…