Echo စာအုပ်ထွက်ပြီဆိုတော့၊ လာလာ မေးကြရဲ့။
ဘာအကြောင်းရေးထားတာတုန်းတဲ့။ စာအုပ်အကြောင်း ဆိုတော့..။
ဘယ်သူ့စာအုပ်တွေလဲ? ဘာတွေပါလဲ? တဲ့။
တစ်ယောက်ချင်းဖြေရတာ မောလို့ စာအုပ်မာတိကာရေးပေးလိုက်တယ်။
ဘာစာပေအမျိုးအစားလဲ? လို့ တော့ လာမမေးကြနဲ့။ ကျွန်တော်လည်း မသိဘူး။
ကျွန်တော်က ကန့်လန့်ဗီဇနဲ့ကောင်၊ စည်းမရှိဘောင်မရှိနေတဲ့ကောင်၊ ထင်ရာမြင်ရာရေးတတ်တဲ့ ဂေါက်တောက်တောက်ရယ်။ ကိုယ်ရေး ခဲ့တဲ့ စာအုပ်တွေပြန်ကြည့်တော့ တစ်အုပ်နဲ့တစ်အုပ် တစ်လိုင်းတည်းမသွားဘူးပဲ။ ဒီတစ်အုပ်တစ်မျိုး နောက်တစ်အုပ်တစ်ဖုံရယ်။ အဲ့တော့ ဖတ်သာကြည့်ကြတော့ အမျိုးတို့။ (၃၉)ပုဒ်ကိုမှ လက်ဖက်ရည်တစ်ဝိုင်းစာမရှိတဲ့ဈေးနဲ့ စာအုပ်တိုက်က ရောင်းပေးထားတာ။ တစ်ပုဒ်မှ ၂၀၀လောက်ကျတာရယ်။ စာတွေကိုခွဲရောင်းဖို့ ဟာသလုပ်ထားတဲ့ ကျွန်တော့်ချစ်မိတ်ဆွေတစ်ယောက်ရဲ့ စာမူခွဲရောင်းနည်းလေး နောက်ရက် တွေမှ တင်ပေးဦးမယ်။
ချစ်ခြင်းဖြင့်
ငအအ
Thursday, October 19, 2023 at 12:52 PM
Echo အတွက် အမှာ ။
၁။ Sketch. ပုန်းခိုကျင်း ။ (မောင်ယုပိုင်)
၂။ ကျွန်တော့်ကိုယ်၌က ဂျူးကိုစွဲလန်းနေတုန်း ဖြစ်မှာ။ (ဂျူး)
၃။ “လာရာ” ကေတာ့ ကွိုင်ပဲ။ (တင်မောင်မြင့်)
၄။ “ရ” ဆိုတဲ့ ဗျည်းတစ်လုံးကို အပိုင်“ရ” သွား၊ သုံးစားပြသွားတဲ့ ဝေးခေါင်။ (ဝေးခေါင်)
၅။ ဖားကန့်အကြောင်းရေးတဲ့ ဗေတိုးဘုံ သို့မဟုတ် ညိုထွန်းလူ.. ရဲ့ နှင်းဆွတ်အေးမြ။ (ညိုထွန်းလူ)
၆။ မူရာကာမိကို ချောင်းကြည့်ခြင်း (Killing Commendatore by Murakami)။ (ရဲမြလွင်)
ရ။ ရင်ဘတ်မှာ ခပ်နှိပ်ခံခဲ့ရတဲ့ လက်ဖဝါးရာ။ (Zephyr)
၈။ လူပီသ ချိုရည်မြတဲ့ဆရာသို့ (မောင်လွန်းကြင်ရဲ့ အိုးဝေဦးညိုမြ)
၉။ ဝ နယ်မှာ ပြတ်ခဲ့တဲ့ ခေါင်းတွေအကြောင်း ( Burma Headhunters/ နိုင်ဦး)
၁၀။ အရိုင်းဒီရေ (The Hungry Tide by Amitav Ghosh) (ရာြပည့်)
၁၁။ သန်းခေါင်ယံမှာရင်ထဲစူးဝင်လာတဲ့စူးတစ်ချောင်း (သင့်လူ)
၁၂။ တောက်တိုနှင့် မမည်မရများ (မြင့်သန်း)
၁၃။ ကျွန်တော်ရလိုက်တဲ့ ရတနာသိုက်မြေပုံ (တင်မောင်မြင့်)
၁၄။ အဆုံးဖတ်ပြီးပြီလား၊ အစဆီ ပြန်သွား (သင့်လူ)
၁၅။ ပါပီယွန်ရဲ့ ဓား
၁၆။ မုသားပေါင်းချုပ် (တော်ကောင်းမင်း)
၁၇။ လူတစ်ယောက်ရဲ့ ကောင်းကင်များ (ဖိုးလ)
၁၈။”နွေးသီး” ထဲက ဂီတမှတ်တမ်း (ကိုပေါက် /မန္တလေး)
၁၉။ “ဝိုင်” သောက်ကြရအောင် (ဝိုင်)
၂၀။ ငတို့ … ဘယ်ရွာကို ပြန်ကြမတုန်း “ညို” (ညိုထွန်းလူ)
၂၁။ စံပယ်တော်လှန်ရေး (XIAOLU GUO)
၂၂။ ဝတ္ထုတိုချည်သားပေါ် အက်ဆေးအရောင် စွန်းထင်ထားတဲ့ လွင်မောင်မောင်ရဲ့ Handmade ဂျာကင် (သို့မဟုတ်) နွေသစ်ကိုင်းတွေ ညိတွယ် (လွင်မောင်မောင်)
၂၃။ နာသုံးနာကို ကျော်ဖြတ်ခဲ့တဲ့ ‘အောက်ခေါင်းကြီး’ (စိုးဘားဒိုင်)
၂၄။ ဘဌေးကြည်ရဲ့ ရှုမျှော်ခင်း (ဘဌေးကြည်)
၂၅။ ဘဒွေးညိုအစွမ်း ချစ်လွမ်းခန်း၊ ပြဇာတ်ဆန်းကိုကြည့်ပြီး ချစ်ကြ လွမ်းကြစမ်းပါကွယ်တို့ (ညိုထွန်းလူ)
၂၆။ ဘာသာပြန်စာပေမှာ မူရင်း ‘ဟန်’ ကိုရှာတယ်ဆိုတာ ဘာလဲ?
၂၇။ ရေပိုင်မြေပိုင် စိုးဘားဒိုင်
၂၈။ သူ .. တစ်တောင့်တည်း ပစ်လိုက်တဲ့ ကျည်ဟာ ကိုယ့်ရင်ဝတည့်တည့်မှာ .. တစိမ့်စိမ့်မှန်လို့။ (လွင်မောင်မောင်)
၂၉။ ဟိုသားအဖကို ချစ်လို့ စ,တာ စိတ်ဆိုးရင်တော့ ထိပ်ထိုးခံရပြီသာ မှတ်လော့ ငါ့ရှင် (ညိုထွန်းလူ/သော်တာအေးလဲ့)
၃၀။ အင်းနားချိုင်း (TIM)
၃၁။ အတိုနဲ့ ထိုးလည်း နာတာပါပဲ စိုးဘားဒိုင်ရယ်။
၃၂။ အပ္ပမာဒေန (ကွိုင်)
၃၃။ အိုင်ဒီးနောက်ကွယ်မှာ၊ ခုလိုပဲ သူ့အကြောင်း ကျွန်တော်ပြောဖြစ်ခဲ့တယ် တောရိုင်းပန်းကလေး (အိုင်ဒီး)
၃၄။ ကျော်လွန်ခဲ့ပြီးတဲ့ သက္ကရာဇ်မြစ်ရေစီးမှာ အလွမ်းတံဆိပ်တွေဝေလို့၊ ကြွေလို့ (မောင်မောင်စိုး)
၃၅။ ကြယ်တွေကြွေနေတဲ့ကောင်းကင် (ညီလင်းနိုင်)
၃၆။ “ခွေးသတို့သား တဲ့” ( Yoko Tawada/ဉာဏ်သစ်)
၃၇။ ငမွှေဗြိရဲ့ နေထွက်ချိန် (ဗြိတိသျှ ကိုကိုမောင်)
၃၈။ မောင်းမတစ်ထောင် (တော်ကောင်းမင်း)
၃၉။ စာတွေဖတ်မိတဲ့အခါ (Henry Zephyr)