ဒီနေ့ နေ့လည် “သားဦး” ဆုံးသွားပြီတဲ့။ ကျွန်တော် သိပ်ကြိုက်တဲ့ ကဗျာဆရာ။ အဆုံးအရှုံးတွေက များလိုက်တာ၊ ဝမ်းနည်းစွာ နှုတ်ဆက်လိုက်ရ ခြင်းသာ တတ်နိုင်ခဲ့။ Assorted Cake စာအုပ်မှာ ထည့်သွင်းဖို့ ရည်ရွယ်ထားတဲ့ “သားဦးကို ရိုက်မိတော့မယ်” စာစုလေးနဲ့ပဲ အလေးအနက် နှုတ်ဆက်လိုက်ပါတယ်။ သံသရာခရီးမှာ အစစ အဆင်ပြေပါစေဗျာ၊ ********** “သားဦး ကို ရိုက်မိတော့မယ်” ဘာမှတော့ သိပ်မလိုပါဘူး။ မြေပြောင်သလင်းခါနေတဲ့ ခြံဝင်းလေးထဲက လှေကား…
“ မှတ်ဥာဏ်စမ်းသပ်ခြင်း (memory test)”
အသက်ရလာတော့ မှတ်ဥာဏ် တဖြည်းဖြည်း အားနည်းလာတတ်တယ်။ ဒါ သဘာဝပဲ။ ‘အသက်အရွယ်နဲ့ဆိုင်တဲ့ သိမြင်မှုဆိုင်ရာ ကျဆင်းခြင်း/ age-related cognitive decline’ လို့ခေါ်မလားပဲ။ ရောဂါအနေနဲ့တော့ Alzheimer’s disease လို့များ တံဆိပ်ကပ်နိုင်လေမလား။ ကြီးရင့်လာတဲ့အခါ ကြုံလာရနိုင်တဲ့ အခြေအနေတစ်ခုဆိုတော့ လန့်တော့ လန့်တယ်။ အဲတော့ မှတ်ဥာဏ်ပြန်ခေါ် လေ့ကျင့်ခဏ်းလေး ခိုးခိုးလုပ်ကြည့်မိတယ်။ (ကိုယ်တွေက ငယ်ကတည်းက နာမည်မေ့ ရောဂါ ဆိုးဆိုးရှိတာ။ ဥပမာ အလွယ်ပြောရရင် / ကျော်မြင့်လွင်တို့…
ချစ်သောကြောင်မင်းမောင်
ချစ်သော ကြောင်မင်းမောင် ..၊ထောင်ထဲမှာ ရရာဆေး၊ ရရာ စက္ကူနဲ့ရေးခဲ့ပြီးရအောင် အပြင်ကို ပြန်သယ်ယူထားခဲ့တဲ့ ပန်းချီကားတွေသက်တမ်းအားဖြင့် ရာစုနှစ်တစ်ဝက်လောက်ရှိနေပြီ။ ခုနေခါများ လေလံတင်လိုက်ရလို့ကတော့ဖြင့်ဟွင်းဟွင်းဘာပြောကောင်းမလဲဘာမှကို ပြောမကောင်းတော့ဘူး။
ဂုတ်ထိပ်တံတား
ဂုတ်ထိပ်တံတား ဟာ မန္တလေး-လားရှိုး ရထားလမ်းပေါ်က တံတားတစ်စင်းဖြစ်ပြီး နောင်ချိုဘူတာအလွန် (၇)မိုင်အကွာမှာ တည်ရှိတယ်။ ၁၈၉၉ ခုနှစ်၌ တည်ဆောက်ပြီး ၁၉၀၀ ခုနှစ်မှာ ပြီးစီးခဲ့တယ်။ ၁၉၀၃ ခုနှစ်ရောက်မှ စ, အသုံးပြုနိုင်တယ်။ (တည်ဆောက်ချိန် တစ်နှစ်ပဲ ကြာတာနော်/ ဖွင့်ဖို့ ပြင်ဆင်ချိန်ကို သုံးနှစ်ယူထားတာ) ဂုတ်တွင်းလို့ခေါ်တဲ့ ဒေသကြီးရှိ ပေ (၃၀၀)ကျော် မတ်စောက်လှတဲ့ လျှိုကြီးနှစ်ဘက်ကို ဖြတ်ကျော် တည်ဆောက်ထားတာပေါ့။ ဂုတ်တွင်းကြီးထိပ်မှာ သွားဆောက်ထားလို့ “ဂုတ်ထိပ်တံတား…
Street Photography#10
ကလောဘူတာ
Assorted Cake
ကိုယ့်စာကို ကိုယ် ပြန်တည်းရတယ်ဆိုတာ ကိုယ့်လျှာကို ကိုယ် ပြန်လှီးရသလို တော်တော်ကြီး နာကျင်ခံစားရပါတယ်။ ******* ကျွန်တော်တို့ဟာ ‘စာပေ ကင်ပေတိုင်ခေတ်’ လို့ ကျော်ကြားလှတဲ့ စာပေစိစစ်ရေးခေတ်အရှည်ကြီးကို ဖြတ်သန်းခဲ့ကြရ ဖူးသူတွေပေါ့။ အဲဒီခေတ်ကာလကတည်းက ကိုယ့်ကလောင်မှာ ကိုယ်တိုင် ဘရိတ်တွေတပ်ဆင်ရပါတယ်။ ကိုယ်ပြောချင်တဲ့စကားလေး ပြောဖြစ်ဖို့ အလင်္ကာ၊ နမိတ်ပုံ၊ အနက်ဝှက်၊ သင်္ကေတ၊ ထပ်ဆင့်အနက်တွေသုံးပြီး သိုက်စာဝှက်သလို ဝှက်ရေးကြရတဲ့အခါလည်း ရှိပါတယ်။ ကိုယ့်ရည်ရွယ်ရင်း ခရီးပန်းတိုင် မန်းကိုရောက်ဖို့ လားရှိုးကနေ…
Calling
Assorted Cake အတွက် ခုရေးခုတင်လိုက်တဲ့ကဗျာမုန့် ပူပူနွေးနွေးလေး။ ********** Calling …………… တိုက်ပွဲအပြီးမှာတော့ ဒေါသတကြီးအော်ဟစ် ခြိမ်းခြောက်ဆူညံပေါက်ကွဲခဲ့တဲ့ ကျည်ဆံ၊ အမြောက်သံတွေလည်းငြိမ်ဆင်း မြို့လည်မှာ အထီးကျန်ခြင်းလမ်းတစ်စင်းသာရှိတော့ပြီပဲ အဲ့ဒီ စစ်ဒဏ်ခံမြို့ကလေးရဲ့ တစ်ခုတည်းသောလမ်းပေါ် ငါလျှောက်လာတဲ့အခါ၊ ငါ့ဘေးမှာ အတိတ်ရဲ့ ပဲ့တင်သံတွေဟာ တဝုန်းဝုန်းပြိုကျလာနေခဲ့။ အိပ်မက်တစ်ခုလို လျှပ်တစ်ပြက်အတွင်း ပြိုပျက်ကျသွားတဲ့ ငါ့မြို့ကလေး တစ်ချိန်က လူစည်ကားခဲ့တဲ့လမ်းများ ခုတော့ ကြေကွဲတိတ်ဆိတ် တို့မြို့က ရှူထုတ်လိုက်တဲ့ ထွက်သက်မှာ ရယ်မောသံမပါ…
Street Photography 8
ပင်းတယ – အောင်ပန်းလမ်းပေါ်
Street Photography 9
နေ့ခင်း … အိပ်မက်ထဲမှာ … ပျော်စရာတွေရှိတယ်