(ဒုတိယပိုင်း) သူဆုံးတဲ့နေ့က သူ့တပည့်မ ‘ခက်မာ’ ရယ် သူ့ရဲဘော် ကိုမျိုးထွန်း(နိုင်ကျဉ်း/ ကဗျာဆရာ/တေးရေးခွန်ဆိုင်း) ရယ် သူ့သတင်း ကြားရလို့ စိတ်မကောင်းခြင်းကြီးစွာနဲ့ ချက်တင်( Chatting)ပြောထားတဲ့ မှတ်တမ်းလေးကို ခုလို တွေ့ရပါတယ်။ ခက်မာ။ ။ ရင်ထဲမှာတောင် ဆို့လာတယ်။ ကျွန်မ အချစ်ဆုံးဆရာ။ ကျွန်မစာရေးဆရာဖြစ်လာတာ ဆရာ့လွှမ်းမိုးမှုအများဆုံးပါ ပါတယ်။ ခွန်ဆိုင်း။ ။ ဟုတ်ပါတယ်၊ သူက ကျောင်းသားခေါင်းဆောင်၊ သပိတ်ခေါင်းဆောင်ပေမယ့်၊ စိတ်ထားနူးညံ့တယ်။ ကျွန်တော်တို့လို ညစ်တာ၊…
နူးညံ့တဲ့ နှလုံးသားကို မာကျောတဲ့ အခွံနဲ့ဖုံးအုပ်ထားသူ
မတ်လရဲ့ ပန်းပွင့်များ တိုင်းပြည်ရဲ့ ဝမ်းဗိုက်ကို မီးလောင်တိုက် သွင်းတဲ့အခါ ကျွန်တော်ချစ်တဲ့ လွယ်အိပ်ကလေးဟာ အိမ်နံရံထက်မှာ ကျန်ခဲ့ပေါ့။ အလျားလေးလှမ်းခွဲ အနံလေးလှမ်း အလုံပိတ်တိုက်ခန်းထဲမှာ လုံးတီးဆန် ပဲဟင်းစားရင်း အားလုံးအပေါ်သစ္စာရှိခဲ့တယ်။ အကျဉ်းသားအမှတ် ၄၅၅၅ ရက်စက်မှုများကျော်လွှား နေ့ရက်များစွာ မှတ်ကျောက်တင်ခံခဲ့ပေါ့။ အမှောင်ခေတ်မှာ ထောင်ဆိုတာ သူရဲကောင်း ပြတိုက်ဖြစ်တယ်။ မျက်ရည်မကျပါနဲ့ ပြုံးပြလိုက်ပါ အချစ်ရေ ကြည်လင်တဲ့ကောင်းကင်အောက်က တိမ်ပြာပြာနေ့တစ်နေ့ တို့ ပြန်လည်ဆုံတွေ့ကြမယ် လောလောဆယ်မှာတော့ အနာဂတ်ဘုရားအတွက် ခန္ဓာကိုယ်…
လှေခွင်းတောင်
ပျဉ်းမနားမြို့အရှေ့ဘက် ငါးမိုင်ခြောက်မိုင်လောက် အကွာမှာ ‘လှေခွင်းတောင်’ ဆိုတဲ့ တောင်လေးရှိတယ်။ အောက်ပေါင်းလောင်းဆည်နားလေးပေါ့။ တောင်ပေါ်မှာဘုန်းကြီးကျောင်းနဲ့ ဘုရားလည်းရှိတယ်။ အဲဒီအပေါ်ကနေ ဓာတ်ပုံရိုက်လို့ ကောင်းတယ်။ သူက အမြင့်ဆိုတော့ နေပြည်တော်ပျဉ်းမနား လွင်ပြင်တစ်ခုလုံးကို အပေါ်စီးက ကြည့်ခွင့်ရတဲ့နေရာဖြစ်တယ်။ ဒီပုံက လှေခွင်းတောင်ပေါ်ကနေ အရှေ့ဘက်ကို လှမ်းရိုက်ထားတာ၊ ရွာလေးတွေ ချောင်းဖြတ်တံတားလေးတွေ လယ်ကွင်းလေးတွေပေါ့။ သာယာတယ်ဟုတ်။
ဆရာကြီးဖိုးနိုင်လင်း ငယ်ဘဝ
ငါ မင်းကို ဘယ်တော့မှ ပြောရတော့မှာမဟုတ်ဖူးလို့တောင် ထင်မိခဲ့တဲ့ စကားတစ်ခွန်းကို ခဲခဲခက်ခက် လေးလေးနက်နက် ပြောထွက်မိပြီးတဲ့ နောက်မတော့ ချစ်သူဆီကအဖြေပြန်ရလို့ ပျော်မိတဲ့ ပီတိအဟုန်ကြောင့် ဆံဖျားကအစ ခြေသည်းအဆုံး တစ်ကိုယ်လုံး သိမ့်သိမ့်တုန်ခဲ့မိတယ်။ ဒီထက်ပိုပြီး ဘာကိုမှ မျှော်လင့်မထားကြဘဲ ပိုင်ဆိုင်လိုမှုကိုလည်း မေ့ထား၊ အတိတ်နဲ့အနာဂတ်တွေကိုပါ မဖွေရှာတဲ့ အသေအချာ ချစ်ကြသူနှစ်ယောက်ကို ငါတို့ရဲ့ မြေကမ္ဘာကပါ ရေရေရာရာ ကောင်းချီးပေးလိမ့်မယ်ထင်ရဲ့။ စတွေ့မိလိုက်ကတည်းက ဝေ့လည်လည်မဖြစ်ခဲ့ဘဲ သီးသီးသန့်သန့် ခန့်ခန့်ငြားငြား ဆန်းဆန်းပြားပြား…
Echo စာအုပ်
Echo စာအုပ်ထွက်ပြီဆိုတော့၊ လာလာ မေးကြရဲ့။ ဘာအကြောင်းရေးထားတာတုန်းတဲ့။ စာအုပ်အကြောင်း ဆိုတော့..။ ဘယ်သူ့စာအုပ်တွေလဲ? ဘာတွေပါလဲ? တဲ့။ တစ်ယောက်ချင်းဖြေရတာ မောလို့ စာအုပ်မာတိကာရေးပေးလိုက်တယ်။ ဘာစာပေအမျိုးအစားလဲ? လို့ တော့ လာမမေးကြနဲ့။ ကျွန်တော်လည်း မသိဘူး။ ကျွန်တော်က ကန့်လန့်ဗီဇနဲ့ကောင်၊ စည်းမရှိဘောင်မရှိနေတဲ့ကောင်၊ ထင်ရာမြင်ရာရေးတတ်တဲ့ ဂေါက်တောက်တောက်ရယ်။ ကိုယ်ရေး ခဲ့တဲ့ စာအုပ်တွေပြန်ကြည့်တော့ တစ်အုပ်နဲ့တစ်အုပ် တစ်လိုင်းတည်းမသွားဘူးပဲ။ ဒီတစ်အုပ်တစ်မျိုး နောက်တစ်အုပ်တစ်ဖုံရယ်။ အဲ့တော့ ဖတ်သာကြည့်ကြတော့ အမျိုးတို့။ (၃၉)ပုဒ်ကိုမှ…
“အရိပ် ကပွဲ”
“အရိပ် ကပွဲ” ဦးညီပုကို မမီခဲ့ ခင်မောင်ရင်ကို မသိခဲ့ ဒါပေမယ့် တဘဝလုံး ‘ရိကပွဲ’ ထဲက မထွက်နိုင်ခဲ့။ အမေ့ရင်ခွင် နွေးနွေးထဲက ‘ရိကပွဲ’ တုန်ခြင်း မှုန်ခြင်း သည်းခံပါဆိုတဲ့ ကျောင်းဘောလုံးကွင်းထဲ လေလာတိုင်း ယိမ်းခါနေတဲ့ ပိတ်ကားဖြူညစ်ညစ်ပေါ်က ‘ရိကပွဲ’ ရွှေဘနဲ့အတူ မျက်နှာဖြူတွေကို လက်သီးနဲ့ ထိုးခဲ့တဲ့ ‘ရိကပွဲ’ နှစ်မွှာအသည်းမှာ စန္ဒာနဲ့အတူ မျက်ရည်တွေကျ ငိုခဲ့ရဖူးတဲ့ ‘ရိကပွဲ’ ခင်သန်းနု လက်ထောက်လိုက်ရင် ဘယ်ဘက်လက်က…
၇၄/၇၅/၇၆ အင်းစိန်ထောင်က အကျဉ်းသားတစ်ချို့
ရုပ်ရှင်ကားတွေမှာဆို နောင် အနှစ် နှစ်ဆယ်ကြာသော် ဘာညာဆိုပြီး စာတမ်းကောက်ထိုးလို့ အချိန်ကို ရှေ့ခုန်ကူးပြီး ကျော်ပစ်လိုက်၊ ကြိုကြည့်လိုက်ကြတာပါပဲ။ ခုလည်းအဲ့ဒီနည်းသုံးပြီး ၇၄/၇၅/၇၆ အင်းစိန်ထောင်က အကျဉ်းသားတစ်ချို့ကို ထောင်ကျနေစဉ်ကာလကနေ နှစ်ငါးဆယ်(ရာစုနှစ်ဝက်)လောက်ကျော်ပြီး (၂၀၂၃)ကို ကြည့်လိုက်တဲ့အခါ၊ ခုလို တွေ့ရပါတော့တယ်။ ကွယ်လွန်သွားပြီးသူတွေလည်း မနည်းလှပါဘူး။ စိတ်ထဲမှတ်ဉဏ်ထဲ ပေါ်လာတာ ကောက်ချရေးတာမို့ ကျန်ခဲ့တာတွေ အများကြီးရှိပါဦးမယ်။ ကျောင်း/မြို့ /အလုပ်အကိုင် အမှတ်သားတွေလည်း လွဲမှားနိုင်ပါတယ်။ အထူးသဖြင့် ပြည်ပမှာ အခြေစိုက်နေတဲ့ ရဲဘော်တစ်ချို့ပေါ့။…
သတိရခြင်း
သတိရခြင်း မိုးကောင်းကင် အလွမ်းသီချင်း ငွေ့ရည် အောက်မေ့ခြင်း မြစ်ရေလျင် အတိတ်ဟာ အိပ်မက်လို တိမ်တွေလို လွင့်မျော ပျောက်ကွယ်နေ …။
၂၀၁၆/၁၇ မိသားစုခရီးရှည်
ဘဝမှာ စိတ်ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့ ကာရှည်ကြီးကို ကျော်ဖြတ်ဖို့ 2016/17 Dec-Jan အတွင်းမှာ တမိသားစုလုံးကို ကားပေါ်တင်ပြီး ခရီးရှည်ကြီးထွက်ခဲ့ကြတယ်။ ရန်ကုန်ကနေ ကျောင်းကုန်း-ငသိုင်းချောင်းကိုကျော် ရခိုင်ရိုးမဖြတ်၊ ဂွကနဲ့ မနီးမဝေးမှာရှိတဲ့ ကမ်းသာယာမှာညအိပ်၊ အဲ့ဒီကနေ သံတွဲ။ နောက် မြောက်ဦး-ကျောက်တော်။ ပြီးတော့ အပြန်ခရီးမှာ အမ်းကနေ ရခိုင်ရိုးမကို အပေါ်ဘက်နားကပြန်ကျော်ပြီး ပဒါန်းကိုဖေါက်ထွက်၊ အဲ့ဒီကမှ တောင်ဘက်ကို စုန်ဆင်းလာလိုက်တာ ‘ဥသျှစ်ပင်’ရောက်တော့ အရှေ့ဘက်ချိုးလို့ ‘ပြည်’ကို ပြန်ဝင်ခဲ့တယ်။ ရခိုင်ကို တောင်ပိုင်းရော…
မနေ့က
မနေ့က ဆေးရုံမှာ ရက်ရှည်ကုသမှု ခံယူနေရတဲ့ ကျွန်တော့်ဆရာဆီ လူမမာ သတင်းသွားမေးခဲ့ဖြစ်တယ်။ ဆရာက “အေးကွာ.. ငါတို့ရဲဘော်တွေလည်း အိုနာမကျန်းတွေဖြစ်ကုန်ကြပြီ” လို့ ပြောရှာတယ်။ သူကြီးကလည်း “ပွဲတွေတက်လာတာတွေ့ရတဲ့ ကိုယ်တို့အရွယ်အတော်များများက တော့ လမ်းလျှောက်အကူ တုတ်ကောက်ကိုယ်စီနဲ့ ဖြစ်ကုန်ကြပြီ” လို့ ဆိုတယ်။ အိမ်ထဲက အိမ်ပြင် မထွက်နိုင်တဲ့ ကျွန်တော့်မှာတော့ တုတ်ကောက်မကိုင်ရပေမယ့် ကိုယ့်လည်ပင်း ကိုယ် တကိုင်ကိုင်နဲ့ပေါ့။ ဘာဖြစ်ဖြစ် ၊ ငါတို့ အဖိုးကြီးတွေမှာ ငါတို့အဖိုးကြီးတွေပဲရှိတော့တာမို့…