၇၄/၇၅/၇၆ အင်းစိန်ထောင်က အကျဉ်းသားတစ်ချို့

ရုပ်ရှင်ကားတွေမှာဆို နောင် အနှစ် နှစ်ဆယ်ကြာသော် ဘာညာဆိုပြီး စာတမ်းကောက်ထိုးလို့ အချိန်ကို ရှေ့ခုန်ကူးပြီး ကျော်ပစ်လိုက်၊ ကြိုကြည့်လိုက်ကြတာပါပဲ။ ခုလည်းအဲ့ဒီနည်းသုံးပြီး ၇၄/၇၅/၇၆ အင်းစိန်ထောင်က အကျဉ်းသားတစ်ချို့ကို ထောင်ကျနေစဉ်ကာလကနေ နှစ်ငါးဆယ်(ရာစုနှစ်ဝက်)လောက်ကျော်ပြီး (၂၀၂၃)ကို ကြည့်လိုက်တဲ့အခါ၊ ခုလို တွေ့ရပါတော့တယ်။ ကွယ်လွန်သွားပြီးသူတွေလည်း မနည်းလှပါဘူး။
စိတ်ထဲမှတ်ဉဏ်ထဲ ပေါ်လာတာ ကောက်ချရေးတာမို့ ကျန်ခဲ့တာတွေ အများကြီးရှိပါဦးမယ်။ ကျောင်း/မြို့ /အလုပ်အကိုင် အမှတ်သားတွေလည်း လွဲမှားနိုင်ပါတယ်။ အထူးသဖြင့် ပြည်ပမှာ အခြေစိုက်နေတဲ့ ရဲဘော်တစ်ချို့ပေါ့။ တစ်ချို့ကလည်း သူတို့ရှိနေရာကို ဖေါ်ပြစေချင်မှာမဟုတ်ဖူးလို့ ယူဆတဲ့အတွက် တမင်ကို ချန်လှပ်ထားခဲ့ပါတယ်။
နာမည်ကို ထက်အောက်စီရာမှာ အက္ခရာဝလိ အရ စီတာလည်းမဟုတ်သလို ဝါစဉ်အရ စီထားတာလည်းမဟုတ်ပါ။ စိတ်ထဲ ပေါ်လာတာ ချရေးထားတဲ့ ကျပန်း(Random) စီထားတာသာဖြစ်ပါတယ်။ ပုံတွေကတော့ကြုံဆုံတုန်း ကိုယ်ရိုက်ယူထားမိတာ ရှိသလို ရှာတွေ့တဲ့သူတို့ FBတွေ အင်တာနက်တွေက ရသမျှ၊ လက်လှမ်းမီသမျှ ရှာစုလိုက်တာဖြစ်ပါတယ်၊ အားလုံးစုံအောင်တော့ မစုနိုင်တော့ပါ။
တစ်ချို့က ထောင်ကထွက်လာပြီးမှ စာပေ/ပန်းချီ/ဂီတနဲ့ နိုင်ငံရေးနယ်ပယ်ရပ်ဝန်းထဲကို ရောက်ခဲ့သူတွေ၊ တစ်ချို့က ထောင်မကျခင်ကတည်းက ဒီနယ်မြေမှာ ရှင်သန်ခဲ့သူတွေပါ။ ကျန်တဲ့ရဲဘော်တွေကိုတော့ လူတွေရာချီများပြားပြီး လုပ်ငန်းလည်း စုံလှတာမို့ အပြည့်စုံတော့ မဖေါ်ပြနိုင်တော့ပါ။ နိုင်သလောက်မှတ်ထားတဲ့စာရင်းတော့ ရှိပါတယ်။ (၇၄/၇၅/၇၆ နိုင်ငံရေးအင်အားစု) ဆိုတာလည်း ရှိလေတော့ အဲဒီရဲဘော်အစုအဖွဲ့က စုစည်းမှတ်တမ်းတင်ထားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကဲ ၇၄/၇၅/၇၆ ထောင်ကျဘက် ရဲဘော်များ အချက်အလက်တွေမှတ်မိလို့ ထပ်ဖြည့်ချင်ကြတာရှိရင်၊ ကျွန်တော့်မှတ်သားမှု လွဲမှားနေခဲ့ရင် ဖြည့်ပေးကြ၊ ပြင်ပေးကြပါခင်ဗျား။ မှတ်တမ်းတစ်ခုသက်သက်ပါ။
ဒီလိုစုကြည့်လိုက်တော့ အဲ့ဒီခေတ်အုပ်ချုပ်သူတွေက လူဆိုးလူမိုက်တွေ၊ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် ဆူပူလှုံ့ဆော်သူ တွေ၊ ပညာန္တရာယ်တွေလို့ သတ်မှတ်ပြီး ထောင်သွင်း အကျဉ်းချခံခဲ့ရသူတွေဟာ လူညံ့လူဖျင်း လူ့ပေါ့သွမ်းတွေမဟုတ်ခဲ့ဘူးဆိုတာ မြင်ရတော့တာပါပဲ။
ရှင်သန်ခွင့်ကို အသေသတ်ခဲ့တဲ့ နှင်းခါးမိုးနဲ့ အမှောင်ရာသီဆိုးကို အံတုပြီး အညှောင့်ပေါက်ရုန်းထွက် ပွင့်လန်းလာခဲ့တဲ့ အပင်တွေ ပါပဲ။
Edited. ပြင်လိုဖြည့်လိုသူများ ပြင်နိုင်ဖြည့်နိုင်အောင် စုထားရသမျှလေး ထပ်ဖြည့်ပေးလိုက်ပါတယ်ခင်ဗျား။
၇၄/၇၅/၇၆ ထောင်ကျခဲ့သူများ
ကိုတင်အေးကြူ/ မောင်မှိုင်းလွင်(အင်းဝ) (ကွယ်လွန်) (RIT) / ကဗျာဆရာ၊ နိုင်ငံရေးသမား
ကိုသန်းလင်း (ဘုန်းနွယ်လင်း)(ကွယ်လွန်)(RIT) / ကဗျာဆရာ၊
ကိုဝင်းမြင့် (ဝင်းမင်းထွေး) (RIT) / ကဗျာဆရာ၊ တေးရေး၊ စာရေးဆရာ၊ ဝိပဿနာတရားပြဆရာ
ကိုသိန်းသန်းဦး(တာကောဒီ)(မန်းဆေး)/ ကဗျာဆရာ၊ စာရေးဆရာ၊ ရှေ့နေ၊ နိုင်ငံရေးသမား
ကိုကျော်မင်းမောင်(RASU)/ ဂရဖ်ဖစ်ဒီဇိုင်နာ
ကိုကျော်ဝင်းမောင် (ကွယ်လွန်)(RASU)/ ကဗျာဆရာ၊ ကျောင်းဆရာ၊
ကိုမြတ်ခိုင်/ ကဗျာ၊ စာရေးဆရာ၊ သတင်းစာဆရာ၊ ဂျာနယ်လစ်
ကိုထွန်းထွန်းဦး (ဖေမြိုင်) GTI အင်းစိန် ၊(ကွယ်လွန်)/ စာရေးဆရာ၊ စီးပွားရေးလုပ်ငန်းရှင်၊ ဝိပဿနာစခန်းထူထောင်သူ
ကိုမျိုးထွန်း (ခွန်ဆိုင်း) (ဆေး၁)အင်္ဂလန်/ ကဗျာဆရာ၊ တေးရေး၊ နိုင်ငံရေးသမား။
ကိုတင်သိန်းလွင်(RIT) / စာရေးဆရာ၊ ပန်းချီဆရာ၊ လက်နက်ကိုင်တော်လှန်ရေးထဲရောက်သွားသူ
ကိုဝင်းမြင့်မောင် (နွမ်ဂျာသိုင်း) (ကွယ်လွန်) (RIT)/ စာရေးဆရာ
ကိုမြင့်သိန်း (နုသျှင်)(RASU)/ ကဗျာဆရာ၊ စာရေးဆရာ
ကိုခင်မောင်စိုး (RFA သတင်းထောက်)/ စာရေးဆရာ။
ကိုနေဝင်းအောင် (နေဝန်းနှင်းဆီ)/ပန်းချီဆရာ။
ကိုဇေယျ(သားကြီးမောင်မောင်ဇေယျ)(RASU)၊ /ဂျာနယ်လစ် ၊ ပန်းချီဆရာ။
ကိုသန်းမြင့်(မောင်မောင်သာြမတ်)(ကွယ်လွန်)(RASU)/ ကဗျာဆရာ၊တေးရေးဆရာ၊ အောင်မြင်သော ကိုယ်ပိုင်ကျောင်းထူထောင်သူ
ကိုဗဟိန်းအောင်(ဆရာဗန်းမော်တင်အောင်သား) (RASU)/၊ ကဗျာဆရာ၊ အောင်မြင်သော ကိုယ်ပိုင်ကျောင်းထူထောင်သူ ကျူရှင်ဆရာ
ကိုလေးကိုတင် (ပြည်သူ့ပါတီ) /စာရေးဆရာ၊ နိုင်ငံရေးသမား။
ကိုစန္ဒာထူးမင်းဝင်း (RASU) / ကဗျာဆရာ၊ ကိုယ်ပိုင်လုပ်ငန်းရှင်။
ကိုဗေဒါ (မီးမောင်း)/ စာရေးဆရာ။နိုင်ငံရေးသမား၊ ပရဟိတသမား။
ကိုထွန်းအောင်ကျော်၇၄/ ABSDF ဥက္ကဌဟောင်း။ စာရေးဆရာ။
ကိုကိုလေး( ကိုလေး-သဘင်)/ စာရေးဆရာ၊ ကိုယ်ပိုင်လုပ်ငန်းရှင်၊ ထုတ်ဝေသူ။
ရှေ့သို့ လှကြည်/ စာရေးဆရာ၊ ပန်းချီဆရာ
အညာတမာ(ကွယ်လွန်)/ စာရေးဆရာ
မောင်သာယာ/ စာရေးဆရာ
ကိုသက်တင်/ အနုပညာအသင်းအတွင်းရေးမှူး
ဖိုးကျော့/ စာရေးဆရာ
ကိုအေးဝင်း(RIT၊ လမင်းတရာ) ချင်းမိုင်/ စာရေးဆရာ၊ (အငြိမ်းစား)
ကိုစိုးရင်(ဆေး၁)/ တေးရေး တေးဆို
MMP ရဲမြင့် / ပန်းချီဆရာ
ကိုစံမင်း(RASU)(ကွယ်လွန်)/ပန်းချီဆရာ
ကိုအင်ဒရူး(RASU)(ကွယ်လွန်) (UN အရာရှိ)/ ပန်းချီဆရာ
ကိုမိုးမြင့်(MC) / ပန်းချီဆရာ၊ ကိုယ်ပိုင်လုပ်ငန်းရှင်
ကိုတင်ဝင်း(ကျောက်ဖြူ)(RASU)/ပန်းချီဆရာ
ကိုတင်မောင်ကြည်(ဦးသန့်)(RASU)/ ပန်းချီဆရာ
ကိုခိုင်အောင် (RIT)/ ကဗျာဆရာ၊ စာရေးဆရာ၊ နိုင်ငံရေးသမား။
ဒေါ်နန်းခင်ထွေးမြင့် (ကရင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း)/ နိုင်ငံရေးသမား
ကိုခင်မောင်လေးEco (မိထ္ထီလာ)(ကွယ်လွန်)/တေးရေး၊ နိုင်ငံရေးသမား။
ကိုစောလှိုင် (အင်းတော်)(RASU)/ (ကွယ်လွန်) (အင်းတော်အမတ်၊နိုင်ငံရေးသမား)
ကိုအောင်စောဦး၊ (သွား/ဆေး), USA/ နိုင်ငံရေးသမား။
ကိုသိန်းလွင်(ပဲခူး) (Thinking Classroom Foundation)/ ပညာရေး ပညာရှင်။ နိုင်ငံရေးသမား။
ကိုခင်ဝင်း (ဘိုးတော်)/ နိုင်ငံရေးသမား
ဘိုဘိုကျော်ငြိမ်း
ထွန်းကျော်ငြိမ်း
ကိုစိုးဝင်း(ငသိုင်းချောင်း) Eco/ ကိုယ်ပိုင်လုပ်ငန်း
ဇော်သန်းစိန် (RIT)(ကွယ်လွန်) / ကိုယ်ပိုင်လုပ်ငန်းရှင်
ကိုဝင်းထွန်း (RASU)(ကွယ်လွန်)/ ကိုယ်ပိုင်လုပ်ငန်းရှင်
ကိုတင်ထူးလွင် (GTI အင်းစိန်) (ရန်ကုန်)/ သင်္ဘောအရာရှိ။
ကိုအောင်ထိုက် (ကွယ်လွန်) / စိတ်တိုင်းကျပိုင်ရှင်၊ ပရဟိတသမား။
ကိုအောင်တင်သိန်း (RASU)/ ရှေ့နေ၊ လက်နက်ကိုင်တော်လှန်ရေးထဲရောက်သွားသူ။
ကိုခင်မောင်သန်း(မီးမောင်း)/ ရှေ့နေ။
ကိုခင်မောင်သော်(GTI အင်းစိန်၊ဇီးကုန်း)( Co-Founder, Member of Board of Directors at Burma Aid Foundation – USA)/ လက်နက်ကိုင် တော်လှန်ရေးထဲရောက်သွားသူ။
ကိုမြင့်သိန်း(ဆေး၂၊ ထားဝယ်)(ကွယ်လွန်)/ရှေ့နေ။ လက်နက်ကိုင်တော်လှန်ရေးတွင် ကျဆုံး
ကိုတင်ဝင်း(ဘိုဇင်ကော့ Eco)/ လက်နက်ကိုင်တော်လှန်ရေးထဲရောက်သွားသူ
မောင်ဇော် (RIT) / လက်နက်ကိုင်တော်လှန်ရေးထဲရောက်သွားသူ။
ကိုဌေးဝင်း(ဘွန်း) (RIT) (ဂျာမဏီ) (ကွယ်လွန်)
ကိုအောင်ကြည်(ပျဉ်းမနား) (RIT)/ ကိုယ်ပိုင်လုပ်ငန်း
ကိုခင်မောင်ညွန့် (RASU)/ ရှေ့နေ
ကိုရောဘတ်စန်းအောင် (RASU)/ ရှေ့နေ
ကိုဟန်ရှင်ဝင်း (RASU)/ ရှေ့နေ
ကျော်ဇေယျ(RASU) အင်းစိန်/ ရှေ့နေ
ကိုမြင့်အောင်ကြည်(RIT),
မြေဝါ(တန်ဆည်)ကဗျာဆရာ၊ကျူရှင်ဆရာ၊(ကွယ်လွန်)
ကိုခင်မောင်ချို(မန္တလေး)(RIT)(ကွယ်လွန်) အောင်မြင်သောကိုယ်ပိုင်ကျောင်းထူထောင်သူ ကျူရှင်ဆရာ
ကိုမြထွန်းဦး (RASU)(ရန်ကုန်) အောင်မြင်သော ကိုယ်ပိုင်ကျောင်းထူထောင်သူ ကျူရှင်ဆရာ
ကိုတင်ရှိန် (GTI အင်းစိန်၊ကျောက်တန်း) အောင်မြင်သော ကိုယ်ပိုင်ကျောင်းထူထောင်သူ ကျူရှင်ဆရာ
ကိုသက်ဝင်းအောင်(RASU) (ရန်ကုန်) အောင်မြင်သော ကိုယ်ပိုင်ကျောင်းထူထောင်သူ ကျူရှင်ဆရာ
မိုဟာမက်ရဖီ(GTI အင်းစိန်၊ လှိုင်းဘွဲ့)/ ကိုယ်ပိုင်လုပ်ငန်းရှင်
ကိုသန်းရွှေ (GTI) အင်းစိန်) (ကွယ်လွန်)
ကိုအိုင်ဗင်(GTI) (ကွယ်လွန်)
ကိုသန်းဌေး (GTI အင်းစိန်၊ စလင်း)/ အငြိမ်းစား၊ ခြံစိုက်။
ကိုကျော်စိန်ဦး (GTI အင်းစိန်၊ )/ ကိုယ်ပိုင်လယ်ယာလုပ်ငန်း။
ကိုမြင်သိန်း/ဆိုးပေ (GTI အင်းစိန်) (အကစ အကြီးတန်းသူနာပြု)
ကိုအေးကို (GTI အင်းစိန်) / လက်နက်ကိုင်တော်လှန်ရေးထဲရောက်သွားသူ
ကိုဉာဏ်ဝင်း (ခရမ်း) (GTI အင်းစိန်)

Visited 17 times, 1 visit(s) today